Connect with us

Media

မြန်မာနိုင်ငံ အောင်လံမြို့တွင် ဆုံများဖြင့် မြေပဲဆီသန့်ထုတ်လုပ်နေသည့်လုပ်ငန်းခွင်

အောင်လံ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဒေသထွက်မြေပဲများကို ဆုံများဖြင့် မြေပဲဆီသန့် ထုတ်လုပ်နေသည့်လုပ်ငန်းခွင်ကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။
အောင်လံမြို့တွင် ဒေသထွက်မြေပဲဆီသန့်များကို တပိုင်တစ်နိုင်ကိုယ်ပိုင်ဆုံဆီစက်များဖြင့် ထုတ်လုပ်ကာ ဒေသတွင်းသာမက ရန်ကုန်စျေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ အောင်လံမြေပဲဆီသန့် တစ်ပိသာလျှင် ကျပ် ၁၇,၀၀၀ စျေးရှိပြီး မြေပဲလုံးဆန်စျေးပေါ်မူတည်ကာ စျေးနှုန်းအတက်အကျရှိကြောင်း သိရသည်။ (Xinhua)