Connect with us

Media

မြန်မာနိုင်ငံ၏ ပျောက်ကွယ်လုနီးပါး သားရေခွာရုပ်လုံးသွင်းပညာကို လက်ဆင့်ကမ်းထိန်းသိမ်းရန် မျိုးဆက်သစ်များကို ဖိတ်ခေါ်

ရန်ကုန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ)

“သားရေခွာရုပ်လုံးသွင်းပညာရပ်ဆိုတာ သေဆုံးသွားတဲ့ တိရစ္ဆာန်တွေကို အရေခွံခွာ အချောကိုင် ပြန်လည်သန့်စင်တဲ့အနုပညာဖြစ်ပါတယ်။ ကျွန်တော်က ဒီပညာရပ်ကို ဆရာကြီး ဦးဘော်သန်းဆီကနေ သင်ယူလေ့လာခဲ့တာပါ” ဟု ဦးမျိုးနိုင်က ဆိုသည်။ “မြန်မာနိုင်ငံမှာ သားရေခွာရုပ်လုံးသွင်းပညာရပ်က လုပ်ကိုင်တဲ့သူ ရှားပါးပြီးတော့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ နောက်မျိုးဆက်သစ်တွေဆီ ဒီပညာအမွေလေး လက်ဆင့်ကမ်းပေးချင်တဲ့အတွက် ကျွန်တော်က ဆက်ပြီး လေ့လာလုပ်ကိုင်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီပညာရပ်ကို ထိန်းသိမ်းထားချင်ပါတယ်” ဟု ဦးမျိုးနိုင်က ပြောသည်။ (Xinhua)