Connect with us

Media

မြန်မာနိုင်ငံ အောင်လံမြို့တွင် မိုးမြေပဲများ အထွက်နှုန်းကောင်းပြီး မြေပဲလုံးဆန် စျေးကောင်းရနေ

အောင်လံ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ နယ်အတွင်းရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြသည့် မိုးမြေပဲများ သီးနှံပွဲရုံကုန်စည်ဒိုင်များသို့ ဝင်လာနေသည့်မြင်ကွင်းများကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။
ယခုနှစ် မိုးမြေပဲအထွက်နှုန်းကောင်းပြီး မြေပဲလုံးဆန်စျေးကလည်း စျေးကောင်းရနေသည်ဟု တောင်သူများနှင့် မြေပဲကြိတ်ခွဲရောင်းချသူများထံက သိရသည်။
အောင်လံမြို့ နယ်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် မိုးမြေပဲများကို ကြိတ်ခွဲပြီးရရှိလာသော
မြေပဲလုံးဆန်များအား ပြည်တွင်းဆီစက်လုပ်ငန်းများနှင့် ပြည်ပနိုင်ငံများထံ တင်ပို့ရောင်းချနေကြခြင်းဖြစ်သည်။

ယခုနှစ်မိုးမြေပဲအထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၄၀ မှ တင်း ၅၀ ဝန်းကျင်ရှိပြီး ဈေးနှုန်းများအနေဖြင့် မိုးမြေပဲအစို တစ်ပိသာလျှင် ကျပ် ၂၈၀၀ နှင့် ကျပ် ၃၀၀၀ ကျပ်ရှိကာ မိုးမြေပဲ တစ်တင်းလျှင် ကျပ် ၃၂,၀၀၀ ရှိကြောင်း၊ မြေပဲလုံးဆန်စျေးမှာလည်း တစ်ပိသာလျှင် ကျပ် ၁၀,၀၀၀ ရှိကြောင်း ကုန်စည်ဒိုင်များထံမှသိရသည်။ (Xinhua)