Connect with us

Media

မြန်မာ့ရှေးဟောင်းအမွေအနှစ် ယွန်းထည်လုပ်ငန်းကို ထိန်းသိမ်းထားသော ပုဂံ

ရန်ကုန်၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီးရှိ ပုဂံသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို အဓိကလက်ဆင့်ကမ်းလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သလို မြန်မာတို့၏ ယွန်းထည်သည်လည်း နှစ်ကာလရှည်ကြာလှသော ရိုးရာယဉ်ကျေးမှု လက်မှုပညာရပ်တစ်ခုပင်ဖြစ်သည်။ မြန်မာ့ပန်းဆယ်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သော ယွန်းထည်လုပ်ငန်းသည် ပုဂံခေတ်ကတည်းက တည်ရှိလာခဲ့သော ယဉ်ကျေးမှုအနုပညာတစ်ရပ်ပင်ဖြစ်သည်။ ထိုအရေးပါလှသော သမိုင်းကြောင်းကြောင့်ပင် မြန်မာနိုင်ငံ၏ ပထမဆုံးမြို့တော်ဖြစ်ခဲ့သည့် ပုဂံသည် အဆိုပါ ယွန်းထည်လုပ်ငန်းကို ဂုဏ်ယူစွာ ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ပေသည်။ ပုဂံသည်ရှေးဟောင်းယွန်းထည်လက်မှုပညာဖြင့် ကျော်ကြားပြီး အထူးသဖြင့် သစ်စေးဖြင့် ပြုလုပ်သော ယွန်းထည်ဖြစ်သည်။ ပုဂံသို့လာရောက်သော ခရီးသွားများအနေဖြင့် အနီးအနားရှိ ဒေသခံများ၏ ကျေးရွာများနှင့် ချည်မျှင်ရက်လုပ်နေမှုများကိုကြည့်ရှုလေ့လာနိုင်ပါသည်။ နံရံဆေးရေးပန်းချီ၊ ဆီလုပ်ငန်း နှင့် ထန်းလျက်ထုတ်လုပ်ခြင်း လုပ်ငန်းတို့မှာလည်း ထင်ရှားကျော်ကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.