Connect with us

Media

မြန်မာနိုင်ငံ ရွှေတိဂုံစေတီတော်သို့ ဇူလိုင်လအတွင်း ဘုရားဖူးဧည့်သည် ၄၄၀,၀၀၀ ကျော် လာရောက်ဖူးမြော်

ရန်ကုန်၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ယခုနှစ် ဇူလိုင်လအတွင်း ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည် ၄၄၀,၉၁၇ ဦး လာရောက်ဖူးမြော်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဩဂုတ် ၆ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းပမာဏတွင် နိုင်ငံခြားသား ဘုရားဖူးဧည့်သည်အနေဖြင့် ၅,၃၈၉ ဦးလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ပထမခုနစ်လအတွင်း ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်သည့် ဘုရားဖူးဧည့်သည် ၃.၇ သန်းကျော်ရှိကြောင်း သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်များ လာရောက်လေ့ရှိသော နေရာများအနက် ထိပ်ဆုံး၌ ပါဝင်နေသည့် ရွှေတိဂုံစေတီတော်သို့ ဒေသံစံတော်ချိန် နံနက် ၄ နာရီမှ ၁၀ နာရီအထိ လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.