Connect with us

Media

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ဝင်္ဂဘော်ဆင်စခန်းတွင် အလွန်ရှားပါးသည့် ဆင်အမြွှာပူးမွေးဖွား

ပဲခူး၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီး ဝင်္ဂဘော်ဆင်စခန်းတွင် ပထမဆုံးအကြိမ် အဖြစ် အသက် ၂၁ နှစ်အရွယ် ဆင်မ ပုလဲစန္ဒာက ဩဂုတ်၂၆ရက်က
ဆင်အမြွှာလေး ၂ ကောင် မွေးဖွားရာ ယခုအချိန်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆင်အမြွှာပူးလေးကို မိခင်ဆင်မကြီးက ၄ မိနစ်သာခြားပီး ပုလဲဆင့်
နှင့် ကျော်ပုလဲ ဟူသော အထီးအမ ဆင်အမြွှာပူး တစ်စုံတို့ကို မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ဝင်္ဂဘော်ဆင်စခန်းမှ ဆင်ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးမင်းအောင်က ဆင်ဟွာသို့ စက်တင်တင်ဘာ ၁ ရက်တွင် ပြောကြားသည်။ (Xinhua)