Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2102
Connect with us

Media

မြန်မာနိုင်ငံ၌ တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ် ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ၂၀၂၄ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်ဖွင့်ပွဲအခမ်းအနားအား ယနေ့ (စက်တင်ဘာ ၂၀ ရက်) တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ရုပ်ရှင်၊ စာပေ၊ ပညာရေး၊ မီဒီယာနှင့် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း အယောက် ၁၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သံမှူးကြီး Dr. Zheng Zhiong က မြန်မာနိုင်ငံတွင် တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ် ကျင်းပခြင်းသည် ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံကို အကောင်အထည်ဖော်ဆောင်ပြီး တရုတ်-မြန်မာပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်သည့် အရေးပါအစီအမံဖြစ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ရုပ်ရှင်ဇာတ်လမ်းတွဲလုပ်ငန်းသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး တရုတ်-မြန်မာနှစ်နိုင်ငံက ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲကဏ္ဍတွင် ကူးလူးဖလှယ်မှုသည်လည်း ပိုမိုရင်းနှီးလာကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ သက်ဆိုင်ရာကဏ္ဍ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာက မြန်မာ-တရုတ် ယဉ်ကျေးမှုကူးလူးဖလှယ်မှု သမိုင်းကြောင်းရှည်လျားပါကြောင်း၊ တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်သည် မြန်မာပရိသတ်များ၏ နှစ်သက်အားပေးခြင်းခံရပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် ပိုမိုနက်ရှိုင်းလာစေရန် အထောက်အကူပြုပါကြောင်း၊ ရုပ်ရှင်သီတင်းပတ် အောင်မြင်စွာကျင်းပနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။
ငါးရက်ကြာ ၂၀၂၄ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကြီးမှူးကျင်းပ၍ China Media Group (CMG) နှင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတို့မှ တာဝန်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။ တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်တွင် ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း-၁ ၊ ကမ္ဘာ့လမ်းကြောင်းလွှဲစီမံကိန်း-၂ ၊ သမိုင်းထဲက ချန်အန်း၊ ငှက်တို့ဇာမဏီ၊ စိတ်ဝိညာဉ်နားခိုရာဆီသို့ ရုပ်ရှင်ကားများ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.