Connect with us

Media

ချစ်မြတ်နိုးရသော ပန်ဒါစုံတွဲ တိုကျိုတွင် ၁၃ နှစ်ကြာနေထိုင်ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တိုကျိုတွင် ၁၃ နှစ်ကြာနေထိုင်ပြီးနောက် တရုတ်နိုင်ငံသို့ ပြန်လာသည့် ချစ်မြတ်နိုးရသော ပန်ဒါကြီး လီလီနှင့် ရှင်းရှင်းတို့သည် အသက်အရွယ်နှင့် ဆက်နွှယ်သော ကျန်းမာရေးပြဿနာများကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက် နံနက်အစောပိုင်းတွင် တိုကျိုမြို့ရှိ Ueno တိရစ္ဆာန်ရုံမှ ထွက်ခွာလာကာ ၎င်းတို့၏ မွေးရပ်မြေ တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ အရုဏ်တက်ချိန်သာရှိနေသေးသော်လည်း ပန်ဒါ ချစ်သူများက စိတ်လှုပ်ရှားမှုမျက်ရည်များဖြင့် တိရစ္ဆာန်ရုံ အပြင်ဘက်တွင် ပန်ဒါစုံတွဲကို နှုတ်ဆက်ရန် စုဝေးရောက်ရှိခဲ့ကြသည်။
အဆိုပါ ပန်ဒါများ မထွက်ခွာမီရက်များအတွင်း Ueno တိရစ္ဆာန်ရုံတွင် လည်ပတ်သူများဖြင့် ပြည့်နေသည်။ ပန်ဒါစုံတွဲ ဂျပန်နိုင်ငံတွင် အများပြည်သူ နောက်ဆုံးကြည့်ရှုသည့်နေ့ဖြစ်သော ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင်မူ ပန်ဒါလေးများကို နှုတ်ဆက်ရန် ပန်ဒါချစ်သူ ၂,၀၀၀ ကျော်က တန်းစီ၍စောင့်ဆိုင်းခဲ့ကြသည်။
ရိရိနှင့် ရှင်းရှင်းတို့သည် တိုကျိုမြို့တွင် နေထိုင်စဉ် ဂျပန်လူမျိုးများအတွက် ခက်ခဲသောအချိန်တွင် အလင်းရောင်ကဲ့သို့ နွေးထွေးမှုနှင့် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးခဲ့တယ်လို့ Ueno တိရစ္ဆာန်ရုံ၏ လက်ထောက်ညွှန်ကြားရေးမှူး Yasumasa Tomita က ပြောကြားခဲ့ပါသည်။
ထိုပန်ဒါနှစ်ကောင်သည် အင်အား ၉.၀ ပမာဏာရှိသော ငလျင်မလှုပ်ခတ်ခင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ထိုကဲ့သို့ ခက်ခဲသောအချိန်တွင် ၎င်းတို့၏ လူသိရှင်ကြား ပေါ်ထွက်လာခြင်းက ဂျပန်လူမျိုးများကို နှစ်သိမ့်ရွှင်လန်းမှု ဖြစ်စေသည်။
Ueno တိရစ္ဆာန်ရုံ၏အဆိုအရ ယခုအခါ အသက် ၁၉ နှစ်ရှိပြီဖြစ်သော ပန်ဒါနှစ်ကောင်သည် အသက်အရွယ်ကြီးရင့်လာမှုကြောင့် သွေးတိုးရောဂါကဲ့သို့သော ကျန်းမာရေး ပြဿနာများ ခံစားခဲ့ရသည်။ တိုကျို မြို့တော် အစိုးရနှင့် တရုတ်နိုင်ငံ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းတို့အကြား ဆွေးနွေးမှုအရ ၎င်းတို့အား ပိုမိုကောင်းမွန်သော စောင့်ရှောက်မှုနှင့် ကုသမှု ခံယူနိုင်ရန် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………..
(English Version)
Beloved panda pair returns to China after 13 years in Tokyo
Beloved giant pandas Ri Ri and Shin Shin left Tokyo’s Ueno Zoo in the early hours of Sunday to fly back to their home country China due to age-related health concerns.
Despite the pre-dawn hour, panda enthusiasts gathered outside the zoo to bid them farewell, with many shedding tears.
In the days leading up to their departure, Ueno Zoo saw an influx of visitors. On Sep, 28th, 2024, the final public viewing day for the panda pair, more than 2,000 fans lined up before opening to say their goodbyes.
Ri Ri and Shin Shin have brought warmth and joy to the Japanese during their stay in Tokyo, like a ray of light in the time of hardships, says Yasumasa Tomita, deputy director of Ueno zoo.
The two pandas arrived in Japan in February 2011, shortly before the 9.0-magnitude earthquake. Their public appearances provided comfort and joy to the Japanese people during a difficult time.
According to Ueno Zoo, both pandas, now 19 years old, have developed health issues such as high blood pressure due to their advanced age.
Upon discussions between the Tokyo Metropolitan Government and the China Wildlife Conservation Association, it was decided they should be sent back to China for better care and treatment.