Connect with us

Media

ကမ္ဘာ့ အမြင့်ဆုံးတံတားကြီးရှိ ရေကန့်လန့်ကာ၏ ရေများ မည်သည့်နေရာမှ လာသနည်း

ကွေ့ကျိုး၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့ ပထမ အမြင့်ဆုံးတံတားကြီးဖြစ်သည့် ဟွားကျန်းလျှိုမြောင်တံတားကြီး ရေကန့်လန့်ကာ၏ ရေများ မည်သည့်နေရာမှ လာသနည်း။ လုံခြုံမှု ရှိပါသလော။ လျှပ်စစ်ဓာတ်အား အလဟဿဖြစ်စေသလော။ အွန်လိုင်းမိတ်ဆွေအများအပြားက ဤရေများသည် မြစ်ကြောင်းမှရေများအား စုပ်တင်ခြင်းလောဟု ခန့်မှန်းကြသည်။ အမှန်စင်စစ်တွင်မူ ယင်းတံတားကြီးဆောက်လုပ်စဉ် ဥမင်လိုဏ်ခေါင်းဖောက်ရာ၌ ကာ့စ်ရေ (karst water) ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဆောက်လုပ်ရေးအဖွဲ့က ယင်းရေအား ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် သွယ်ထုတ်လာခြင်းဖြစ်သည်။ ယင်းရေမှာ လယ်ယာမြေများသို့ ရေသွင်းအသုံးပြုနိုင်ရုံသာမက တံတားကြီး၏ ရေကန့်လန့်ကာ မြင်ကွင်းသက်ရောက်မှုကိုလည်း ဖြည့်ဆည်းနိုင်ခဲ့ရာ ဂေဟနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို သက်ဝင်ထင်ရှားစွာ ပေါင်းစည်းထားသည်။

ကွေ့ကျိုးပြည်နယ် Guizhou Transportation Planning Survey & Design Academe Co.Ltd အင်ဂျင်နီယာချုပ် ယန်ကျန့်
လူတော်တော်များများက ကျွန်တော်တို့ ရေကန့်လန့်ကာရဲ့ ရေတွေ ဘယ်ကလာတာလဲ၊ မြစ်ထဲက စုပ်တင်လာတာလား လို့ဆိုပြီး အတော်စိတ်ဝင်စားကြတယ်။
ဒါဆိုရင် ကျွန်တော် အားလုံးကို ပြောပြလို့ရပါတယ်။ ကျွန်တော်တို့ တံတားထိပ်ပိုင်း ဟွားကျန်းဥမင်လိုဏ်ခေါင်း ဖောက်လုပ်စဉ်က ကာ့စ်ရေစီးကြောင်းတစ်ကြောင်းကို တွေ့ရှိခဲ့တယ်။ အားလုံးစိတ်ဝင်စားမယ်ဆိုရင် အဲဒီနေရာ၊ တံတားထိပ်ပိုင်းကို သွားပြီး တစ်ချက်လေ့လာကြည့်လို့ ရပါတယ်။ ကျွန်တော်တို့က အဲဒီ ဥမင်လိုဏ်ခေါင်းကနေ ရေတွေကို သွယ်ထုတ်လာပြီး တံတားထိပ်မှာ ရေလှာင်ကန်တစ်ခု တည်ဆောက်လိုက်တယ်၊ စုစုပေါင်း ဝင်ဆံ့နိုင်မှုပမာဏက ကုဗမီတာ ၄၀၀၀ ခန့် ရှိတယ်။

ဒီရေစီးကြောင်းကို သွယ်ထုတ်လိုက်ပြီးတော့ ကျွန်တော်တို့ စစ်ဆေးပြီးတဲ့အခါ ဒေသခံပြည်သူတွေရဲ့ နေထိုင်မှုဘဝအပေါ် ဘယ်လို သက်ရောက်မှုမှ မရှိပါဘူး။ ဒါနဲ့ အဲဒီရေကို တစ်ဖက်ကမ်းကို သွယ်တန်းလိုက်တယ်။ ဒါက ကျွန်တော်တို့ ဝန်ဆောင်မှုဧရိယာက သုံးရေကို ဖြည့်ဆည်းနိုင်ပြီး အဲဒီဒေသရဲ့ ဆည်မြောင်းလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းနိုင်တဲ့အပြင် ရေကန့်လန့်ကာ လေဆာရောင်ခြည်ပြပွဲ ဖျော်ဖြေမှုရဲ့ ပိတ်ကားအနေနဲ့ ကျွန်တော်တို့ရဲ့ တံတားကြီး ရေကန့်လန့်ကာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။

အွန်လိုင်းမိတ်ဆွေတွေကတော့ ရေက တံတားလုံခြုံရေးအတွက် သက်ရောက်မှာ၊ ရေစုပ်ယူအသုံးပြုတဲ့ စရိတ်မြင့်မားမှာကို စိုးရိမ်ကြတယ်။ စိတ်ချပါ။ ကျွန်တော်တို့က ဂေဟနဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးကို အကောင်းဆုံးဖြစ်အောင် လုပ်ထားလို့ စိုးရိမ်စရာမရှိပါဘူး။ (ရေတံခွန်ကို တင်စားတဲ့) မူလအဆိုကတော့ “နဂါးငွေ့တန်းကြီး ကိုးရက်ကြာအောင် ဆင်းသက်လာသည့်ပမာ” ဆိုတာမျိုးရှိတယ်။ အခုကတော့ ကျွန်တော့်အထင် အွန်လိုင်းမိတ်ဆွေတွေက သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလောက်မြင့်တာ “ကိုးရက်” မကနိုင်ဘူး၊ လဝက်ကြာလောက်မှ ရေတံခွန်ကရေ အောက်ကို ဆင်းသက်နိုင်မယ်လို့ ဆိုကြတယ်။ နေ့ခင်းဘက်ဆို effect က တစ်မျိုး၊ ညချမ်းအခါဆို ရေကန့်လန့်ကာ လေဆာရောင်ခြည်ပြပွဲ effect က တစ်မျိုးရှိပါသေးတယ်။ (Xinhua)
——————-
(Chinese Version)
世界第一高桥水幕的水从哪来?(1′48″)
【解说】世界第一高桥花江峡谷大桥水幕的水从哪里来?会不会不安全?会不会太浪费电?许多网友猜测,这水是不是从江里抽上来的?其实这是大桥施工打隧道时发现的岩溶水。施工队伍把这股水从隧道引出来,不仅可以用来灌溉农田,还满足了大桥的水幕效果,把生态和环保有机结合起来。
【同期】贵州省交通规划勘察设计研究院股份有限公司总工程师 杨健
很多人很关心我们水幕的水从哪来的?是不是从江里面抽上来的?那么我可以跟大家说,我们在桥头花江隧道施工的时候,打到了一股岩溶水,大家有兴趣的可以到那个地方,去桥头看一下。我们从那个洞里面把它引出来,在桥头建了一个蓄水池,大概总的容量是4000立方米。
这股水引出来以后,我们经过调查没有对当地的老百姓的生活造成任何影响,那么这股水把它引到对岸,(除了)满足我们服务区的用水,满足我们当地的灌溉之外,还可以用来做我们的水幕,作为我们水幕激光秀的表演的一个幕布。
有很多网友担心水对桥梁的安全会产生影响,抽水费用太高。放心,我们把生态和环保都做到了极致,不用担心。原来说是“疑是银河落九天”,现在我觉得网友很有意思,这么高可能不止落“九天”,要落半个月才能落得下去了。白天它是一个效果,晚上还有一个水幕激光秀的效果。
新华社记者刘勤兵、杨焱彬、崔晓强、张跃渊 贵州贵阳报道。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.