Media
ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တည်ကန်ဘောများ အားပြုသည့် နည်းဗျူဟာက ဂျာမနီအသင်းကို အကျိုးပြုနေ
ဘာလင်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ဂျာမနီအသင်းအနေဖြင့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ရရှိခဲ့သည့် သွင်းဂိုးရှစ်ဂိုးအနက် ငါးဂိုးအား တည်ကန်ဘောများမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲဆီသို့ ချီတက်ရာတွင် လက်နက်သစ်တစ်မျိုးကို ရှာတွေ့သွားခဲ့ပြီဖြစ်သည်။
မြောက်အိုင်ယာလန်အား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ဂျာမနီအတွက် ပထမဆုံး နိုင်ငံတကာသွင်းဂိုးကို သွင်းယူနိုင်ခဲ့သည့် တိုက်စစ်မှူး နစ်ခ် ဝေါ်လ်တမ်မာဒီက အသင်းအနေဖြင့် တည်ကန်ဘောများကို အသုံးချရာတွင် တိုးတက်မှုရှိလာပြီဟု ချီးကျူးပြောဆိုခဲ့သည်။ “အဲဒါက နိုင်ပွဲရရှိမှုရာခိုင်နှုန်း မြင့်တက်လာအောင် အထောက်အကူပေးနိုင်တယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)
………………..
(English Version)
Germany’s set-piece focus paying off on road to World Cup
BERLIN, Oct. 14 (Xinhua) — Germany has found a new weapon on its road to the 2026 FIFA World Cup, with five of its eight qualifying goals coming from set pieces.
After scoring his first international goal in a 1-0 win over Northern Ireland, striker Nick Woltemade praised the team’s progress in dead-ball situations. “It can help you increase your win rate,” he said.