Connect with us

Media

ထရမ့်နှင့် ပူတင်တို့ လတ်တလောကာလအတွင်း တွေ့ဆုံမည်မဟုတ်

ဝါရှင်တန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်နှင့် ရုရှား သမ္မတ ပူတင်တို့ ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်၌ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်အား “ရပ်ဆိုင်းထားပြီး” ဖြစ်သည်ဟု အမေရိကန် အိမ်ဖြူတော် အဆင့်မြင့်အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်မီဒီယာများစွာက အောက်တိုဘာ ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ထရမ့်က ရုရှား-ယူကရိန်းနှစ်ဖက်သည် သေချာဆွေးနွေးညှိနှိုင်းရန် အဆင်သင့် မဖြစ်သေးသောကြောင့် ယခုတွေ့ဆုံဆွေးနွေးမှုသည် “အချိန်ဖြုန်းခြင်း” သာဖြစ်သည်ဟု ယူဆကြောင်း၊ အဆိုပါဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့က အောက်တိုဘာ ၂၀ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။
ထရမ့်က ပူတင်နှင့် အောက်တိုဘာ ၁၆ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားပြီးနောက် ဘူဒါပတ်စ်မြို့တွင် ပူတင်နှင့်တွေ့ဆုံဆွေးနွေးသွားမည်ဟု လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။ ထရမ့်က အောက်တိုဘာ ၁၇ ရက်တွင် အိမ်ဖြူတော်၌ ယူကရိန်း သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရုရှား-ယူကရိန်း နှစ်ဖက်အား “လက်ရှိနေရာတွင်ပင်” အပစ်အခတ်ရပ်စဲပြီး “အနိုင်ရရှိကြောင်း” ကိုယ်စီကြေညာရန် တိုက်တွန်းခဲ့သည်။

ထရမ့်က အောက်တိုဘာ ၁၇ ရက်တွင် ဇယ်လန်းစကီးနှင့် တွေ့ဆုံဆွေးနွေးရာ၌ အမြန်ဆုံး အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ရန် ယူကရိန်းအနေဖြင့် နယ်မြေပိုင်နက် အရေးကိစ္စနှင့် စပ်လျဉ်း၍ လက်သင့်ခံရေးကို တောင်းဆိုဖိအားပေးခဲ့ရာ နှစ်ဖက် အငြင်းပွားမှုများ ဖြစ်ခဲ့သည်။ ဇယ်လန်းစကီးက အိမ်ဖြူတော်မှ ထွက်ခွာစဉ်တွင် နယ်မြေပိုင်နက်အရေးကိစ္စအကြောင်း ဆွေးနွေးမှုသည် “ခက်ခဲ” ၍ “အကဲဆတ်” သည့် အကြောင်းအရာ တစ်ခုဖြစ်ကြောင်း၊ ယူကရိန်းအနေဖြင့် “အင်အားကောင်းတဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်” လိုအပ်သည်ကို ထပ်မံအလေးထားပြောကြားခဲ့ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။
ယခုနှစ် ဩဂုတ်လတွင် ထရမ့်နှင့် ပူတင်တို့သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးခဲ့ရာ မည်သည့်သဘောတူညီချက်မျှ မရရှိခဲ့ပေ။ ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး ဆွေးနွေးညှိနှိုင်းမှုမှာလည်း ယနေ့တိုင် ကျဉ်းထဲကျပ်ထဲ ကျရောက်နေဆဲဖြစ်သည်။ (Xinhua)

——————-
(Chinese Version)
美媒称特朗普与普京近期不会会晤
新华社华盛顿10月21日电(记者徐剑梅)据多家美国媒体21日援引白宫高级官员消息报道,美国总统特朗普和俄罗斯总统普京在匈牙利首都布达佩斯会晤的计划已“搁置”。
据报道,特朗普认为俄乌双方尚未准备好认真谈判,现在会晤是“浪费时间”。这一决定是在美国国务卿鲁比奥和俄罗斯外长拉夫罗夫20日通话后做出的。
16日,特朗普与普京通电话后在社交媒体发文说,将与普京在布达佩斯举行面对面会晤。17日特朗普在白宫会见乌克兰总统泽连斯基,呼吁俄乌双方“就地”停火,各自宣布“获胜”。
据美媒报道,特朗普17日与泽连斯基会谈时施压,要求乌克兰在领土问题上妥协以快速实现停火,双方发生争吵。泽连斯基离开白宫时向媒体表示,关于领土问题的讨论是一个“困难”且“敏感”的话题,并重申乌克兰需要“强有力的安全保障”。
今年8月,特朗普与普京在美国阿拉斯加州举行会谈,但未达成任何协议。俄乌停火谈判迄今仍陷僵局。(完)
图说:8月15日,美国总统特朗普(右)与俄罗斯总统普京在美国阿拉斯加州安克雷奇市埃尔门多夫-理查森联合军事基地举行会晤后共同出席联合记者会。 新华社记者 吴晓凌 摄