Connect with us

Media

အင်တာမိုင်ယာမီအသင်းနှင့် ၂၀၂၈ ခုနှစ်အထိ မက်ဆီ စာချုပ်သက်တမ်းတိုး

မိုင်ယာမီ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
လီယွန်နယ် မက်ဆီအနေဖြင့် ၎င်း၏အသက် ၄၁ နှစ်ပြည့်ပြီးသည့်အချိန်အထိ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း မေဂျာလိဂ်ကလပ်အသင်း အင်တာမိုင်ယာမီက အောက်တိုဘာ ၂၃ ရက်၌ ကြေညာခဲ့သည်။
မူလစာချုပ်မှာ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ အဆိုပါ အသက် ၃၈ နှစ်အရွယ် ကစားသမားအနေဖြင့် ၂၀၂၈ နှစ်ကုန်အထိ သက်တမ်းရှိသော စာချုပ်သစ်အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က အင်တာမိုင်ယာမီအသင်းနဲ့ ဒီမြို့ကို အကောင်းဆုံးကစားသမားတွေကို ခေါ်ဆောင်ပေးဖို့ပါပဲ။ ကျွန်တော်တို့ လုပ်ခဲ့တာတွေကလည်း အဲဒီအတိုင်း အတိအကျပါပဲ” ဟု အသင်း၏ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ “သူဟာ အရင်ကအတိုင်း ဘောလုံးအားကစားအပေါ်မှာ စိတ်နှစ်ထားတုန်းပဲဖြစ်ပြီး အောင်ပွဲတွေကို ဆာလောင်နေတုန်းပါပဲ” ဟု ဘက်ခမ်းက ဆိုသည်။

မက်ဆီအနေဖြင့် ၂၀၂၃ ခုနှစ်က အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ၈၂ ပွဲ ပါဝင်ကစားခဲ့ရာတွင် ၇၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး မိုင်ယာမီအသင်း ၂၀၂၃ ခုနှစ် လိဂ်ဖလားနှင့် ၂၀၂၄ ခုနှစ် Supporters’ Shield ဆုဖလားတို့ကို ဆွတ်ခူးခဲ့ရာတွင် ကူညီစွမ်းဆောင်ပေးခဲ့သည်။
ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနား ကစားသမားအနေဖြင့် ယခုရာသီ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲတွင် ၂၉ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့သလို လိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု (MVP) အတွက် ဆန်ခါတင် ကစားသမားငါးဦးစာရင်းတွင်လည်း ပါဝင်လျက်ရှိသည်။
“လီယိုအနေနဲ့ သူ့အနာဂတ်ကို အင်တာမိုင်ယာမီအသင်းမှာပဲ မြှုပ်နှံထားတယ်ဆိုတာက သူ ကျွန်တော်တို့ ပုံဖော်တည်ဆောက်နေတဲ့ အရာတွေအပေါ် ယုံကြည်တယ်ဆိုတာကို ပြသခဲ့တာပါ” ဟု ဘက်ခမ်းက ပြောသည်။ “သူဟာ ဒီနိုင်ငံမှာ ဘောလုံးအားကစားနည်းရဲ့ သဘောသဘာဝကို ပြောင်းလဲပေးခဲ့ပြီး အနာဂတ်မှာလည်း သူ ကျွန်တော်တို့အသင်းကို ဆက်ပြီးဦးဆောင်သွားမှာမို့လို့ ဂုဏ်ယူမဆုံးဖြစ်မိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အင်တာမိုင်ယာမီအသင်းမှာ မေဂျာလိဂ် Eastern Conference ပြိုင်ပွဲ ပုံမှန်ဘောလုံးရာသီအပြီးတွင် တတိယနေရာဖြင့် အဆုံးသတ်ခဲ့သည်။ အဆိုပါ ဖလော်ရီဒါအခြေစိုက် ကလပ်အသင်းအနေဖြင့် playoffs ပွဲစဉ် ပထမအကျော့အဖြစ် အောက်တိုဘာ ၂၄ ရက်တွင် နက်ရှ်ဗေးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ သုံးပွဲယှဉ်ပြိုင်ကစား၍ အနိုင်အရှုံး ဆုံးဖြတ်သွားမည်ဖြစ်သည်။ (Xinhua)
…………………….
(English Version)
Messi extends Inter Miami contract to 2028
MIAMI, Oct. 23 (Xinhua) — Lionel Messi has agreed to extend his contract with Inter Miami until beyond his 41st birthday, the MLS club said on Thursday.
The 38-year-old, whose previous contract had been due to expire in December, agreed personal terms of a deal that runs until the end of 2028.
“Our vision was to bring the best players to Inter Miami and to this city, and that’s exactly what we have done,” co-owner David Beckham said in a statement. “He’s still as committed as he’s ever been and he still wants to win.”
Messi has scored 71 goals and provided 37 assists in 82 appearances since joining the club in 2023, helping Miami win the 2023 Leagues Cup and 2024 Supporters’ Shield.
The Argentine World Cup winner claimed this year’s MLS Golden Boot with 29 goals and is one of five players shortlisted for the league’s MVP award.
“Having Leo commit his future to Inter Miami shows his belief in what we’re building here,” Beckham added. “He’s changed the face of the game in this country, and we couldn’t be prouder to have him lead our club into the future.”

Inter Miami finished third in the MLS Eastern Conference at the end of the regular season. The Florida outfit is due to play Nashville on Friday in the first round of the playoffs, to be decided over three matches.