Connect with us

Media

အာဆီယံနှင့် တရုတ် လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၃.၀ ဗားရှင်း အဆင့်မြှင့်ပရိုတိုကော လက်မှတ်ရေးထိုး

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၃.၀ ဗားရှင်း အဆင့်မြှင့်ပရိုတိုကောကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အောက်တိုဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းထောက်က ထိုနေ့ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိခဲ့သည်။
တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၃.၀ အဆင့်မြှင့်ဗားရှင်းတွင် ဒစ်ဂျစ်တယ် စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထောက်ပံ့ရေးကွင်းဆက် အပြန်အလှန် ချိတ်ဆက်မှု၊ စံချိန်စံညွှန်းနှင့် နည်းပညာဆိုင်ရာ စည်းမျဉ်းနှင့် အရည်အချင်းပြည့်မီမှု အကဲဖြတ်ခြင်း လုပ်ထုံးလုပ်နည်းများ၊ ကျန်းမာရေးနှင့် အပင်များ ကျန်းမာရေး အစီအမံများ၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် ကုန်သွယ်မှု အဆင်ပြေချော့မွေ့ရေး၊ ပြိုင်ဆိုင်မှုနှင့် စားသုံးသူ ကာကွယ်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား ကုမ္ပဏီလုပ်ငန်းများ၊ စီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတို့အပါအဝင် စုစုပေါင်း ကဏ္ဍ ၉ ခု ပါဝင်ကြောင်း၊ ပရိုတိုကော လက်မှတ်ရေးထိုးပြီးနောက် နှစ်ဖက်သည် ကိုယ်စီနိုင်ငံတွင်း ခွင့်ပြုချက်လုပ်ထုံးလုပ်နည်းများကို အသီးသီး ဆောင်ရွက်သွားမည်ဖြစ်ပြီး ပရိုတိုကောကို စောစီးစွာ အသက်ဝင် ဖော်ဆောင်နိုင်ရန် တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နှင့် အာဆီယံသည် အပြန်အလှန်၏ ပထမအကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နှင့် အရေးပါသော ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဖြစ်ကြောင်း၊ ပရိုတိုကောလက်မှတ်ရေးထိုးခြင်းသည် သမ္မတ ရှီကျင့်ဖိန်နှင့် အာဆီယံ ခေါင်းဆောင်တို့ တရုတ်-အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်များ၏ အထင်ကရ ရလဒ်များကို လက်တွေ့ဖော်ဆောင်ခြင်းဖြစ်သလို ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၏ ပြင်ပသို့ အဆင်မြင့် တံခါးဖွင့်လှစ်မှု တိုးချဲ့ရေးကို လက်တွေ့ဖော်ဆောင်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော အခင်းအကျင်းအသစ်ကို ဖန်တီးသည့် အရေးပါသော အစီအမံလည်းဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတကာဌာန တာဝန်ခံက ပြောကြားခဲ့သည်။

တရုတ်နှင့် အာဆီယံတို့သည် ၂၀၀၂ ခုနှစ်တွင် လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ တည်ထောင်ခြင်း လုပ်ငန်းစဉ်ကို စတင်ခဲ့ရာ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၁.၀ ဗာရှင်း ဘက်စုံတည်ထောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၂.၀ အဆင့်မြှင့် ဗားရှင်း ပြီးမြောက်ခဲ့သည်။ ၃.၀ ဗာရှင်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်စတင်ခဲ့ပြီး ၂၀၂၅ ခုနှစ် မေလတွင် စေ့စပ်ညှိနှိုင်းမှု ဘက်စုံပြီးမြောက်ခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
中国与东盟签署自贸区3.0版升级议定书
新华社北京10月28日电(记者谢希瑶)记者28日从商务部获悉,10月28日,中国-东盟自贸区3.0版升级议定书在马来西亚吉隆坡签署。
据了解,中国-东盟自贸区3.0版升级共涵盖9个领域,包括数字经济、绿色经济、供应链互联互通、标准和技术法规与合格评定程序、卫生与植物卫生措施、海关程序和贸易便利化、竞争和消费者保护、中小微企业、经济技术合作。议定书签署后,双方将分别履行各自国内核准程序,推动议定书尽早生效实施。
商务部国际司负责人表示,中国与东盟互为第一大贸易伙伴和重要投资伙伴。议定书的签署是落实习近平主席与东盟领导人在中国-东盟建立对话关系30周年纪念峰会上达成重要共识的标志性成果,也是落实党的二十届四中全会关于扩大高水平对外开放,开创合作共赢新局面的重要举措。
中国与东盟自2002年开启自贸区建设进程,2010年自贸区1.0版全面建成,2015年完成2.0版升级。3.0版建设于2022年11月正式启动,2025年5月全面完成谈判。(完)
图说:10月28日,中国与东盟在马来西亚首都吉隆坡签署自贸区3.0版升级议定书。 新华社记者 邢广利 摄