Media
ပီအက်စ်ဂျီကစားသမား ဒီဆီရေး ဒူယေ ၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို ရရှိ
ရောမ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်အတွက် ဥရောပအကောင်းဆုံး လူငယ်ကစားသမားဆု (Golden Boy) ကို ပီအက်စ်ဂျီအသင်း၏ တိုက်စစ်ကစားသမား ဒီဆီရေး ဒူယေက ရရှိသွားကြောင်း တူရင်အခြေစိုက် အားကစားသတင်းစာ Tuttosport က နိုဝင်ဘာ ၄ ရက်၌ ဖော်ပြခဲ့သည်။
အသက် ၂၀ နှစ်အရွယ် ဒူယေမှာ ပြီးခဲ့သည့် ဘောလုံးရာသီ၌ ပီအက်စ်ဂျီအသင်းအတွက် အထူးခြေစွမ်းပြကစားခဲ့သူဖြစ်ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲစဉ်၌ သွင်းဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီးမှုတစ်ကြိမ် အပါအဝင် ပီအက်စ်ဂျီအတွက် ၆၁ ပွဲ ပါဝင်ကစားခဲ့ရာတွင် ၁၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ခဲ့သူဖြစ်သည်။
ဒူယေမှာ ချဲလ်ဆီးအသင်းမှ အီစတေဗို၊ ရီးရဲလ်မက်ဒရစ်အသင်းမှ အာဒါ ဂူလာနှင့် အာဆင်နယ်အသင်းမှ မိုင်းလ်စ် လူးဝစ်စ်-စကယ်လီ အပါအဝင် ဆန်ခါတင်စာရင်းတွင် ပါဝင်သော အခြားကြယ်ပွင့်ကစားသမားများကို ကျော်ဖြတ်ကာ အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
Golden Boy ဆုမှာ အသက် ၂၁ နှစ်အောက် အကောင်းဆုံးလူငယ်ကစားသမားကို နှစ်စဉ် ရွေးချယ်ပေးအပ်လေ့ရှိသော ဆုဖြစ်ကာ လွန်ခဲ့သည့်ရာသီ၌ ဘာစီလိုနာအသင်း တိုက်စစ်ကစားသမား လာမင်း ယမားလ်က ဆွတ်ခူးခဲ့သည်။ အဆိုပါဆုအား လီယွန်နယ် မက်ဆီ၊ ကီလီယန် အမ်ဘာပေနှင့် ဝိန်းရွန်နီတို့လည်း ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)
……………….
(English Version)
PSG’s Desire Doue wins 2025 Golden Boy award
ROME, Nov. 5 (Xinhua) — Paris Saint-Germain attacker Desire Doue won the 2025 Golden Boy award, the Turin-based media outlet Tuttosport reported on Tuesday.
Doue, 20, enjoyed a breakout campaign with PSG last season, logging 16 goals and 16 assists in 61 games, including two goals and an assist in PSG’s 5-0 Champions League final win over Inter Milan.
Doue beat out a number of nominees including Chelsea’s Estevao, Real Madrid’s Arda Guler and Arsenal’s Myles Lewis-Skelly.
The Golden Boy award is given to under-21 footballer rated the best each year, with Barcelona forward Lamine Yamal winning last year’s award. Former winners include Lionel Messi, Kylian Mbappe and Wayne Rooney.
