Media
အီဂျစ်နိုင်ငံရှိ မဟာအီဂျစ်ပြတိုက် (GEM) အများပြည်သူကြည့်ရှုရန် တရားဝင် ဖွင့်လှစ
ကိုင်ရို၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
မဟာအီဂျစ်ပြတိုက် (GEM) ကို နိုဝင်ဘာ ၄ ရက်က အများပြည်သူကြည့်ရှုရန် တရားဝင်ဖွင့်လှစ်ခဲ့သည်။ GEM သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော အီဂျစ်ယဉ်ကျေးမှုတစ်မျိုးတည်းကိုသာ သီးသန့်ပြသထားသည့် ပြတိုက်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်စွာ တည်ဆောက်ခဲ့ပြီးမှသာ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါပြတိုက်သည် စတုရန်းမီတာ ၅၀၀,၀၀၀ ခန့် ကျယ်ဝန်းပြီး ပြတိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၁၀၀,၀၀၀ ကျော်ကို သိမ်းဆည်းထားကာ ရှေးခေတ်အီဂျစ် ဖာရိုဘုရင် Tutankhamun ဂူဗိမာန် ဈာပနပစ္စည်း ၅,၉၉၂ ခုကို ပထမဆုံးအကြိမ် အပြည့်အစုံ စုစည်းပြသထားသည်။ ထို့အပြင် ပြန်လည်ပြင်ဆင်ထားသော ဖာရိုဘုရင် Khufu ၏ နေမင်းလှေနှင့် ရှေးခေတ်အီဂျစ်ဖာရိုဘုရင် Ramesses II ၏ ရုပ်တုကြီး စသည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကိုလည်း ပြသထားသည်။ (Xinhua)
………………………
(Chinese Version)
大埃及博物馆正式向公众开放
新华社照片,开罗,2025年11月4日
当日,大埃及博物馆正式向公众开放。大埃及博物馆是世界上最大的专门展示单一文明(埃及文明)的博物馆,历时20多年才建成开馆。该馆占地约50万平方米,馆藏文物超过10万件,首次完整集中展示古埃及法老图坦卡蒙的5992件随葬品,此外还展出修复后的胡夫太阳船、古埃及法老拉美西斯二世巨像等文物。
凯 摄
