Media
မြန်မာနိုင်ငံ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား ဆောင်းဦးလယ်လမုန့်ပွဲနှင့် မီးထွန်းပွဲတော် စက္ကူအလှညှပ်ပညာပြပွဲ ကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား ဆောင်းဦးလယ်လမုန့်ပွဲနှင့် မီးထွန်းပွဲတော် စက္ကူအလှညှပ်ပညာပြပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့သည်။ တရုတ်ရိုးရာ စက္ကူအလှညှပ်အနုပညာသည် ကမ္ဘာပေါ်ရှိ စက္ကူအလှညှပ်အနုပညာများ၏ ဇာစ်မြစ်ဖြစ်ပြီး နှစ်ပေါင်း ၁,၅၀၀ ကျော် သမိုင်းရှိပြီဖြစ်သည်။ ၎င်းသည် ရိုးရာတရုတ်ယဉ်ကျေးမှု၏ လက်ရာပြောင်မြောက်မှုကို ပြသနေပြီး ၂၀၀၉ ခုနှစ်တွင် လူသားမျိုးနွယ်၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် UNESCO က အသိအမှတ်ပြုပြီး မှတ်တမ်းတင်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါပြပွဲတွင် တရုတ်နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် စက္ကူအလှညှပ်အနုပညာကို အမွေဆက်ခံသူများ၏ အနုပညာလက်ရာ ၆၀ ကျော်ထည့်သွင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)
