Media
မန်ချက်စတာစီးတီးက လီဗာပူးလ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဖလား စိန်ခေါ်သူအဖြစ် ပေါ်ထွက်လာ
လန်ဒန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ မန်ချက်စတာစီးတီးက လီဗာပူးလ်ကို အိမ်ကွင်း၌ ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲတွင် အာဆင်နယ်၏ အဓိကပြိုင်ဘက်အဖြစ် ပေါ်ထွက်လာမှုကို ထင်ထင်ရှားရှားပြသခဲ့သည်။
ပက်ပ် ဂွါဒီယိုလာအနေဖြင့် မန်စီးတီးအသင်းအား ကိုင်တွယ်ရာတွင် ပွဲ ၁,၀၀၀ ပြည့်ခဲ့သည့် အဆိုပါပွဲစဉ်၌ စီးတီးက ချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ်အား ခြေစွမ်းပြအနိုင်ရရှိထားသည့် လီဗာပူးလ်ကို အကောင်းဆုံး စိုးမိုးထားနိုင်ခဲ့သည်။
အာလင် ဟာလန်းက ပွဲချိန် ၂၉ မိနစ်တွင် အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် နီကို ဂွန်ဇာလက်ဇ်က ဒုတိယဂိုးသွင်းယူခဲ့သလို ပွဲချိန် ၆၃ မိနစ်တွင် နစ်ကို အိုရိုင်လီ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂျယ်ရမီ ဒိုကူက အနိုင်သေချာစေမည့်ဂိုးကို သွင်းယူခဲ့သည်။
အခြား ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အက်စတွန်ဗီလာက ခြေစွမ်းပြနေသည့် ဘုန်းမောက်ကို အိမ်ကွင်း၌ ၄ ဂိုးပြတ် အနိုင်ရခဲ့သည်။ နည်းပြအူနိုင်း အမ်မရီ၏ အသင်းမှာ အမ်မီလီယာနို ဘူအန်ဒီယာနှင့် အမာဒူ အိုနားနားတို့၏ သွင်းဂိုးများဖြင့် ပထမပိုင်းတွင် ၂-၀ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သလို ဒုတိယပိုင်းတွင်လည်း ရော့စ် ဘာကလေနှင့် ဒွန်ရယ် မာလန်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။
ဘရန့်ဖို့ဒ်က နယူးကာဆယ်ယူနိုက်တက်ကို နောက်မှလိုက်ကစားကာ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟာဗေး ဘန်းစ်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ကယ်ဗင် ရှာဒယ်က ချေပဂိုးသွင်းယူခဲ့သလို ပွဲချိန်နှောင်းပိုင်းတွင် အီဂေါ သီယာဂိုက နှစ်ဂိုးသွင်းယူကာ ကိတ် အန်ဒရူးစ်၏ အသင်းအတွက် အနိုင်ရလဒ်ကို ရယူပေးခဲ့သည်။ ပွဲချိန် ၇၃ မိနစ်တွင် ဒန်ဘန်း ထုတ်ပယ်ခံခဲ့ရပြီးနောက် နယူးကာဆယ်က တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသလို ယင်းမှရရှိခဲ့သော ပင်နယ်တီမှတစ်ဆင့် သီယာဂိုက ဂိုးအဖြစ်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ထို့အတူ နော်တင်ဟမ်ဖောရက်စ်ကလည်း နောက်မှလိုက်ကစားကာ လိဒ်စ်ယူနိုက်တက်ကို အနိုင်ရခဲ့သည်။ လူးကက်စ် မီချာက လိဒ်စ်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီးနောက် ဖောရက်စ်အတွက် ချေပဂိုးနှင့် အနိုင်ဂိုးများကို အီဘရာဟင် ဆန်ဂါရေး၊ မော်ဂန် ဂစ်စ်-ဝှိုက်နှင့် အဲလိယက် အန်ဒါဆန်တို့က သွင်းယူခဲ့သည်။ အန်ဒါဆန်၏ သွင်းဂိုးမှာ ပွဲပြီးခါနီးတွင် ပင်နယ်တီမှတစ်ဆင့် သွင်းယူခဲ့ခြင်းဖြစ်သည်။
ကာလရှည် ပြိုင်ဘက်များဖြစ်သည့် ခရစ္စတယ်ပဲလေ့စ်နှင့် ဘရိုက်တန်အသင်းတို့၏ ပွဲစဉ်မှာမူ ဂိုးမရှိသရေရလဒ်ဖြင့်သာ အဆုံးသတ်ခဲ့သည်။
နိုဝင်ဘာ ၈ ရက်က Stadium of Light အားကစားကွင်းတွင် ဆန်းဒါးလန်းနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ နှစ်ဂိုးစီသရေကျခဲ့ပြီး ဆန်းဒါးလန်းက အာဆင်နယ်၏ ကိုးပွဲဆက်တိုက် နိုင်ပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့သည့်အပြင် အာဆင်နယ်၏ ၈၁၂ မိနစ်တိတိ ပေးဂိုးမရှိသေးသော မှတ်တမ်းကိုလည်း ချိုးဖျက်နိုင်ခဲ့သည်။ ပွဲချိန် ၃၆ မိနစ်တွင် ဒန်နီရယ် ဘားလက်ဒ်က ဆန်းဒါးလန်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ရာ ဘူကာယို ဆာကာက ပွဲချိန် ၅၄ မိနစ်တွင် ချေပဂိုးပြန်လည်သွင်းယူခဲ့ပြီး လီယန်ဒရို ထရော့ဆက်ဒ်က ၇၄ မိနစ်တွင် ၂-၁ ဂိုးဖြင့် ဦးဆောင်ထားနိုင်မည့်ဂိုးကို သွင်းယူခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ဘရိုင်ယန် ဘရော့ဘီက ချေပဂိုးသွင်းယူနိုင်ခဲ့သည်။
ချဲလ်ဆီးအသင်းက အမှတ်ပေးဇယားအောက်ဆုံးမှ ဝူဗာဟမ်တန်ကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ဂျ်၌ ၃ ဂိုးပြတ် အနိုင်ရခဲ့ပြီး မယ်လို ဂူစတို၊ ဂျာအို ပက်ဒရို၊ ပက်ဒရို နက်တိုတို့က ဒုတိယပိုင်းတွင် အနိုင်ဂိုးများ သွင်းယူခဲ့ခြင်းဖြစ်သည်။
တော့တင်ဟမ်နှင့် မန်ချက်စတာယူနိုက်တက်တို့၏ ပွဲစဉ်မှာမူ ၂ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ဘရိုင်ယန် အမ်ဘူမိုက ခေါင်းတိုက်ကာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲချိန် ၈၄ မိနစ်တွင် မက်သီစ် တဲလ်က ချေပဂိုးသွင်းယူခဲ့သည်။ ပွဲချိန် ၉၁ မိနစ်တွင် ရစ်ချာလီဆန်က တော့တင်ဟမ်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးရန် စက္ကန့်ပိုင်းအလိုတွင် နောက်ခံလူ မက်တိုင်စ် ဒီလစ်က ထောင့်ကန်ဘောမှတစ်ဆင့် ချေပဂိုးသွင်းယူကာ ယူနိုက်တက်အတွက် သရေတစ်မှတ် ရယူပေးခဲ့သည်။
အဲဗာတန်က အီဒရစ်ဆာ ဂူယီနှင့် မိုက်ကယ်ကိန်းတို့၏ သွင်းဂိုးများဖြင့် ဖူလ်ဟမ်ကို အိမ်ကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သလို ဝက်စ်ဟမ်းယူနိုက်တက်ကလည်း ဘန်လေကို ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နည်းပြ နူနို အက်စပီရီတို ဆန်တို လက်အောက်တွင် နှစ်ပွဲဆက်အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။ (Xinhua)
……………………..
(English Version)
Manchester City announces title candidacy with easy win over Liverpool
LONDON, Nov. 9 (Xinhua) — Manchester City underlined its status as Arsenal’s main title rival with a 3-0 home win over Liverpool on Sunday.
Pep Guardiola celebrated his 1,000th game as a coach as his side dominated a Liverpool team that had impressed against Real Madrid in midweek.
Erling Haaland opened the scoring in the 29th minute. Nico Gonzalez doubled the lead on the stroke of halftime, and Jeremy Doku finished from Nico O’Reilly’s assist in the 63rd minute to seal the win.
Aston Villa enjoyed a 4-0 home victory over in-form Bournemouth. Emiliano Buendia and Amadou Onana put Unai Emery’s side 2-0 up before Ross Barkley and Donyell Malen added second-half goals.
Brentford beat Newcastle United 3-1 after coming from behind. Harvey Barnes gave Newcastle the lead, but Kevin Schade equalized and Igor Thiago scored twice late to secure the points for Keith Andrews’ side. Newcastle was reduced to 10 men in the 73rd minute when Dan Burn was sent off, and Thiago converted the resulting penalty.
Nottingham Forest also came from behind to defeat Leeds United. After Lukas Nmecha’s opener for Leeds, Forest responded through Ibrahim Sangare, Morgan Gibbs-White and an Elliot Anderson penalty in the closing minutes.
Crystal Palace and Brighton drew 0-0 in an even contest between long-time rivals.
Sunderland ended Arsenal’s nine-match winning run and 812-minute shutout with a 2-2 draw at the Stadium of Light on Saturday. Daniel Ballard put Sunderland ahead in the 36th minute, Bukayo Saka leveled in the 54th, and Leandro Trossard made it 2-1 in the 74th before Brian Brobbey equalized deep in stoppage time.
Chelsea defeated bottom club Wolverhampton Wanderers 3-0 at Stamford Bridge with second-half goals from Malo Gusto, Joan Pedro and Pedro Neto.
Tottenham and Manchester United drew 2-2 in a repeat of last season’s Europa League final. Bryan Mbuemo headed United in front after 32 minutes before Mathys Tel’s 84th-minute equalizer. Richarlison put Tottenham ahead in the first minute of added time, but Matthijs de Ligt made it 2-2 from a corner with virtually the last kick.
Idrissa Gueye and Michael Keane scored in Everton’s 2-0 home win over Fulham, while West Ham United made it back-to-back victories under Nuno Espirito Santo with a 3-2 triumph over Burnley.
