Media
ဝုဖ်ဘတ်အသင်းက နည်းပြချုပ် ဆီမိုနစ်စ်အား ထုတ်ပယ်
ဘာလင်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ဘွန်ဒက်စ်လီဂါတွင် စိတ်ပျက်ဖွယ်ရလဒ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ဝုဖ်ဘတ်အသင်းက နည်းပြချုပ်ဖြစ်သူ ပေါလ် ဆီမိုနစ်စ်အား ရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကာ ယင်းကဲ့သို့ထုတ်ပယ်မှုမှာ ချက်ချင်းအကျုံးဝင်မည်ဖြစ်ကြောင်း ကလပ်အသင်းဘက်က နိုဝင်ဘာ ၉ ရက်၌ ကြေညာခဲ့သည်။
အသက် ၄၀ အရွယ် ဒတ်ချ်လူမျိုးနည်းပြမှာ ဝုဖ်ဘတ်အသင်း၏ နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပြီး လေးလနီးပါးအကြာတွင် အသင်းမှထွက်ခွာခဲ့ရပြီဖြစ်သလို လက်ထောက်နည်းပြများဖြစ်သည့် ပီတာ ဗန်ဒါဗီးန်၊ ထရစ်စတန် ဘားဟက်စ်၊ မာတင် ဒါနီဗီရယ်လ်တို့လည်း အသီးသီးထွက်ခွာမည်ဖြစ်သည်။ သို့ဖြစ်၍ ယူ-၁၉ အသင်းနည်းပြဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဒါနီရယ် ဘောင်ဝါက ပထမအသင်းအား ယာယီကိုင်တွယ်သွားမည်ဖြစ်သည်။
“ပေါလ် ဆီမိုနစ်စ်နဲ့ လမ်းခွဲခဲ့တာဟာ လွယ်ကူတဲ့ဆုံးဖြတ်ချက်တစ်ခုတော့ မဟုတ်ပါဘူး” ဟု ဝုဖ်ဘတ် အားကစားဒါရိုက်တာ ပီတာ ခရစ်တီယန်ဆန်က ပြောကြားခဲ့သည်။ “ပေါလ်ဟာ စေ့စပ်သေချာပြီး စိတ်ဓာတ်ပြင်းပြတဲ့ နည်းပြတစ်ယောက်ဖြစ်သလို သူ့ရဲ့စိတ်ကူးစိတ်သန်းတွေနဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကိုလည်း ကျွန်တော်တို့အနေနဲ့ အလွန်တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ဘောလုံးအားကစားမှာ ရလဒ်နဲ့ ရမှတ်တွေက အရေးပါတာမို့ အသင်းရဲ့ လတ်တလောအခြေအနေက ကျွန်တော်တို့မျှော်မှန်းထားတာနဲ့ ပြည့်မီခဲ့ခြင်းမရှိပါဘူး။ လက်ရှိအခြေအနေအတွက် ကျွန်တော်တို့အားလုံးမှာ ညီတူညီမျှတာဝန်ရှိပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆီမိုနစ်စ်မှာ ဒတ်ချ်ကလပ်အသင်း Go Ahead Eagles Deventer အား ပြည်တွင်းဆုဖလားတစ်လုံးကို ဆွတ်ခူးပေးခဲ့ပြီးနောက် ပြီးခဲ့သည့်နွေရာသီတွင် ဝုဖ်ဘတ်အသင်းထံ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၀ ပွဲ ကိုင်တွယ်ခဲ့ရာတွင် နှစ်ပွဲသာအနိုင်ရခဲ့ပြီး ဒီအက်ဖ်ဘီ ပိုကယ်ဖလားပြိုင်ပွဲတွင်လည်း ဝုဖ်ဘတ်အသင်းမှာ ဒုတိယတန်းကလပ် ဟောလ်စတိန်း ကီရယ်ကို ဒုတိယအဆင့်၌ ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။ လိဂ်ပြိုင်ပွဲတွင် ဟော့ဖန်ဟိမ်းအား ၂-၃ ဂိုးဖြင့်လည်းကောင်း၊ ဝါဒါဘရီမင်အား ၁-၂ ဂိုးဖြင့်လည်းကောင်း နှစ်ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် နိုင်ငံတကာပွဲစဉ်များမတိုင်မီ အသင်းဘက်က ၎င်း၏ကံကြမ္မာကို အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်သည်။
ဘောင်ဝါမှာ ပြီးခဲ့သည့်ရာသီကုန်၌ ခေတ္တတာဝန်ယူခဲ့သည့်နည်းတူ ဝုဖ်ဘတ်ပထမအသင်းနည်းပြအဖြစ် ပြန်လည်တာဝန်ယူမည်ဖြစ်ကာ ၎င်းအနေဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီက နောက်ဆုံးပွဲစဉ်နှစ်ပွဲကို ကိုင်တွယ်ရာတွင် လေးမှတ်ရယူနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ယူ-၁၉ အသင်း လက်ထောက်နည်းပြ ဟူလီယန် ကလမ့်ထ်နှင့် ယူ-၁၇ အသင်း နည်းပြချုပ် တိုဘီယက်စ် ဟွန်းမ်တို့အပြင် ဂိုးနည်းပြ ပါစကယ် ဖိုမန်း၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အကြီးအကဲ ခရစ်စတီယန် ကလာရက်ပ်နှင့် ခံစစ်တိုက်စစ်အကူးအပြောင်းဆိုင်ရာ နည်းပြဖြစ်သူ ကိုအန်စတမ်းတို့ကလည်း ၎င်းအား ပံ့ပိုးကူညီသွားမည်ဖြစ်သည်။
“ဒီလိုခက်ခဲတဲ့ အခြေအနေကြားမှာ ဒါနီရယ် ဘောင်ဝါက အစားဝင်ရောက်ပြီး တာဝန်ယူပေးမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ သူ့ရဲ့လုပ်ရည်ကိုင်ရည်တွေကို ကျွန်တော်တို့ ကောင်းကောင်းသိသလို သူဟာ အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဦးဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု ခရစ်တီယန်ဆန်က ပြောသည်။
ဝုဖ်ဘတ်အသင်းမှာ နိုင်ငံတကာပွဲစဉ်များအပြီး နိုဝင်ဘာ ၂၂ ရက်တွင် လေဗာကူဆင်အသင်းအား အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။ (Xinhua)
………………………..
(English Version)
Wolfsburg sacks Simonis, name Bauer interim coach
BERLIN, Nov. 9 (Xinhua) — VfL Wolfsburg dismissed head coach Paul Simonis with immediate effect following a string of disappointing results in the Bundesliga, the club announced on Sunday.
The 40-year-old Dutchman departs less than four months after his appointment, with assistant coaches Peter van der Veen, Tristan Berghuis and Martin Darneviel also leaving. Under-19 coach Daniel Bauer, 43, will take charge of the first team on an interim basis.
“Parting ways with Paul Simonis was not an easy decision,” said sporting director Peter Christiansen. “Paul is a meticulous and passionate coach whose ideas and professionalism we greatly valued. But in football, results and points are what count, and the recent development has not met our expectations. We all share responsibility for the current situation.”
Simonis arrived last summer after leading Dutch side Go Ahead Eagles Deventer to a domestic cup triumph. He managed two wins from 10 Bundesliga matches, and Wolfsburg’s DFB Cup campaign ended with a 1-0 defeat to second-tier Holstein Kiel in the second round. Successive league losses to Hoffenheim (2-3) and Werder Bremen (1-2) sealed his fate ahead of the international break.
Bauer returns to the role he briefly held at the end of last season, when he guided Wolfsburg to four points from the final two matches. He will be supported by U-19 assistant Julian Klamt and U-17 head coach Tobias Holm, alongside goalkeeping coach Pascal Formann, head of performance Christian Clarup, and transition coach Koen Stam.
“We’re pleased Daniel Bauer is stepping in during this difficult phase,” Christiansen said. “We know how he works and are confident he can lead the team in the right direction.”
Wolfsburg hosts Bundesliga leader Bayer Leverkusen on Nov. 22 after the international break.
English Caption 1
Felix Nmecha (front R) of Borussia Dortmund vies with Bence Dardai (front L) of VfL Wolfsburg during the first division of Bundesliga football match between Borussia Dortmund and VfL Wolfsburg in Dortmund, Germany, May 3, 2025. (Photo by Joachim Bywaletz/Xinhua)
English Caption 2
Elvis Rexhbecaj (top) of FC Augsburg vies with Denis Vavro of VfL Wolfsburg during the German first division Bundesliga football match between FC Augsburg and VfL Wolfsburg in Augsburg, Germany, March 15, 2025. (Photo by Philippe Ruiz/Xinhua)
