Media
အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ဂယ်လက်ဂါက အင်္ဂလန်သို့ ပြန်လည်ပြောင်းရွှေ့ရန် အစီအစဉ်မရှိသေးဟုဆို
မက်ဒရစ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)
အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကော်နာ ဂယ်လက်ဂါက လာမည့်ဇန်နဝါရီတွင် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ငြင်းဆန်ခဲ့ပြီး ၎င်းအနေဖြင့် အက်သလက်တီကို မက်ဒရစ်အသင်း၌ လက်ရှိပြသနေသော ခြေစွမ်းထက် ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
ဂယ်လက်ဂါမှာ ၂၀၂၄ ခုနှစ် နွေရာသီ၌ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် နည်းပြ ဒီယေဂို ဆီမြွန်နီ၏ နည်းဗျူဟာအစီအမံများထဲတွင် ပုံမှန်ပါဝင်လေ့ရှိသော်လည်း ယခုရာသီ၌ ပွဲစဉ်အများစုတွင် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရခဲ့သည်။
သို့ဖြစ်၍ ဂယ်လက်ဂါမှာ လာမည့်နွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အင်္ဂလန်အသင်းလူစာရင်း၌ နေရာတစ်နေရာရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိရာ ပုံမှန်ပွဲထွက်ကစားခွင့်ရရေးအတွက် အင်္ဂလန်သို့ ပြန်လာဖွယ်ရှိသည်ဟူသော ထင်ကြေးပေးမှုများ ထွက်ပေါ်လျက်ရှိသည်။
“ကျွန်တော် ဒီမှာနေရတာ သိပ်ပျော်ပါတယ်” ဟု စပိန်အားကစားသတင်းစာ Diario AS နှင့် အင်တာဗျူးတစ်ခု၌ ဂယ်လက်ဂါက ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ ဖွင့်ဟပြောဆိုခဲ့သည်။
“ကျွန်တော် အက်သလက်တီကိုနဲ့အတူ ဆုဖလားတွေရယူဖို့ ရည်မှန်းထားပြီး ဒီအသင်းမှာ ပိုပြီးအရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ချင်ပါတယ်” ဟု ၎င်းက အခိုင်အမာပြောဆိုခဲ့သည်။ “ကျွန်တော် ပွဲကစားချိန်ပိုရလာဖို့နဲ့ အသင်းအတွက် ပံ့ပိုးကူညီနိုင်ဖို့ တတ်စွမ်းသလောက် ဆက်ပြီးကြိုးစားသွားမှာပါ” ဟု ၎င်းက ဆိုသည်။
ယခုဘောလုံးရာသီတွင် ရရှိနေသည့် ပွဲကစားချိန်နှင့်ပတ်သက်၍ မပျော်ရွှင်ကြောင်း ၎င်းက ဝန်ခံခဲ့ပြီး ယင်းအခြေအနေတွင် မည်သည့်ကစားသမားမဆို ပျော်ရွှင်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော် ကစားခွင့်ရတိုင်း အသင်းအတွက်အကျိုးပြုနိုင်ဖို့ ဆက်ပြီးကြိုးစားနေပါတယ်။ အခုထက်ပိုပြီး ပွဲထွက်ခွင့်ရလာမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု ဂယ်လက်ဂါက ပြောသည်။
၎င်းအနေဖြင့် အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ၎င်း၏အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခြင်းမရှိသေးကြောင်း၊ ပွဲကစားချိန်အကန့်အသတ်ရှိနေခြင်းက ၎င်း၏ခြေစွမ်းကို အပြည့်အဝပြသနိုင်ရန် ခက်ခဲစေကြောင်း ဝန်ခံခဲ့သည်။ “အရေးအကြီးဆုံးကတော့ နည်းပြနဲ့ အသင်းအတွက် အကောင်းဆုံးလုပ်ပြနိုင်ဖို့ပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့အားလုံး လိုချင်နေတဲ့ပုံစံမျိုးနဲ့ မစတင်နိုင်ခဲ့ဘဲ အသင်းရဲ့ဟန်ချက်ကို ပြန်တည်ဆောက်နိုင်ဖို့ ပွဲအနည်းငယ်လောက် အချိန်ယူခဲ့ရပါတယ်။ ဒါပေမဲ့ ရာသီအစပိုင်း ပွဲစဉ်တချို့အပြီးမှာ ကျွန်တော်တို့ တော်တော်လေးကောင်းမွန်တဲ့ပုံစံကို ပြန်ရနေပြီး ဒီပုံစံအတိုင်းပဲ ဆက်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဂယ်လက်ဂါက ဆိုသည်။ (Xinhua)
……………..
(English Version)
No plans to return to England, says Atletico Madrid’s Gallagher
MADRID, Nov. 17 (Xinhua) — England international midfielder Conor Gallagher ruled out returning to the Premier League in January but admitted he can improve the football he is currently playing at Atletico Madrid.
Gallagher joined Atletico in the summer of 2024, but despite being a regular in Atletico coach Diego Simeone’s plans, most of his appearances this season have been from the substitutes’ bench.
This has led to speculation he could return to England to find the regular start he needs as he tries to earn a place in England’s squad for next summer’s World Cup.
“I’m very happy here,” said Gallagher in an interview in Spanish sports paper, Diario AS when asked about his future.
“My goal is to win titles with Atletico, and I want to have a more important role,” he insisted. “I’m going to keep working as hard as I can to play more minutes and help the team.”
He admitted he was “not satisfied” with his playing time this season, saying no player would be happy in that situation. “I’ll keep working hard to help the team whenever I get the chance, and hopefully more starts will come,” Gallagher said.
He acknowledged he has yet to show his best form since joining the Spanish club, noting that limited minutes make it harder to fully demonstrate his ability. “The most important thing is to do what’s best for the coach and the team,” he added.
“We didn’t start the way we all wanted and it took us a few games to find our rhythm, but since those first few games, we have been in very good form and hopefully we can continue like this,” Gallagher concluded.
