Media
မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ကပ်လှူ ပူဇော်ပွဲကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာလ ၃ ရက် ညနေပိုင်းတွင် စေတီတော်ရင်ပြင် ရာဟုထောင့်ရှိ အောင်မြေ၌ ကျင်းပခဲ့သည်။
အဆိုပါ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲတွင် ဘာသာရေးအသင်းအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ရက်လုပ်ကြပြီး ရရှိလာသည့် ပိတ်သားပြင်အား အထည်အလိပ်ဆိုင်ရာ ပညာရှင်များက စစ်ဆေးအမှတ်ပေးကာ ဆုအဆင့် ခွဲခြားသတ်မှတ်၍ ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ယင်းပိတ်စများအား ဝိနည်းတော်နှင့်အညီ ညတွင်းချင်းချုပ်လုပ်ကြပြီး တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်မတက်မီတွင် သတ်မှတ်ရုပ်ပွားတော်များအား ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
