Media
ထူးခြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ သာယာလှပသည့်ရှုမျှော်ခင်းများဖြင့် ပြည့်နှက်နေသည့် မြန်မာနိုင်ငံရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ဒေသလူမှုဘဝမြင်ကွင်းများ
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားတို့၏ထူးခြားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ စိတ်ဝင်စားဖွယ်ကောင်းသည့် ပထဝီအနေအထား၊ သာယာလှပသည့်ရှုမျှော်ခင်းများ၊ သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများတည်ရှိခြင်း၊ လက်မှုအနုပညာများနှင့် ဒေသထုတ်ကုန်များထွက်ရှိရာဒေသဖြစ်သောကြောင့် အင်းလေးကန်ဒေသသည် မြန်မာနိုင်ငံ၏ ထင်ရှားအရေးပါသော ဒေသတစ်ခုဖြစ်ပါသည်။ အင်းလေးကန်၏ ရေဝေရေလဲ ဧရိယာသည် ညောင်ရွှေမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ဖယ်ခုံမြို့နယ်တို့နှင့် ထိစပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)
