Media
မြန်မာနိုင်ငံ မွန်ပြည်နယ်ရှိ သမိုင်းဝင်ဇင်းကျိုက်ဆံတော်ရှင်စေတီတော်တွင် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ကျင်းပ
သထုံ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မွန်ပြည်နယ်ရှိ သမိုင်းဝင် ဇင်းကျိုက်ဆံတော်ရှင်စေတီတောဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပပြီး ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်ကြီးအား တန်ဆောင်မုန်းလပြည့်နေ့ နံနက်အရုဏ်တွင် ကပ်လှူပူဇော်မည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲကို ဇင်းကျိုက်ဆံတော်ရှင် တောင်ခြေတန်ဆောင်း၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃ ရက် ညနေ ၅:၃၀ နာရီအချိန်က ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ (Xinhua)
