Connect with us

Media

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်၌ ဘုရားဖူးကုသိုလ်ပြု လာရောက်ကြသူများ

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၊ နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဘုရားဖူးလာရောက်ကာ ကုသိုလ်ပြုကြသူများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၇) ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် ဘုရားဖူးလာပြည်သူများက ရာဟုထောင့် အောင်မြေအနီးရှိ ချမ်းသာကြီးတန်ဆောင်းမှ စတင်၍ ဗုဒ္ဓရုပ်ပွားတော်များအား ရည်မှန်းကပ်လှူမည့် မသိုးရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြကြောင်း သိရသည်။ (Xinhua)