Connect with us

Media

ယူကရိန်း သမ္မတ ဇယ်လန်းစကီးက အမေရိကန်၊ ရုရှားတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲသစ် ခန့်အပ်

ကိဗ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ယူကရိန်း၏ အခြားမိတ်ဖက်များအပြင် ရုရှားနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ အကြီးအကဲသစ်အဖြစ် ရူစတမ် အူမာရော့ဗ်အား ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်တွင်းမီဒီယာများက နိုဝင်ဘာ ၂၉ ရက်၌ ဖော်ပြခဲ့သည်။
ယူကရိန်း အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး အူမာရော့ဗ်မှာ အန်ဒရေ ယာမက်ခ်၏နေရာတွင် အစားထိုးတာဝန်ယူသွားမည်ဟု သိရသည်။
အူမာရော့ဗ်ဦးဆောင်သည့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့သည် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေး နည်းလမ်းများကို ဆွေးနွေးရန် အမေရိကန်သို့ ထွက်ခွာသွားပြီဟု X ဆိုရှယ်မီဒီယာပလက်ဖောင်းတွင် ဇယ်လန်းစကီးက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“ရူစတမ်ဟာ ဒီကနေ့ အစီရင်ခံစာတစ်ခုကို တင်ပြခဲ့ပြီး တာဝန်ကတော့ ရှင်းရှင်းလေးပါပဲ။ သူ့အနေနဲ့ စစ်ပွဲအဆုံးသတ်နိုင်ဖို့ လိုအပ်တဲ့အစီအစဉ်တွေကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ဖို့ပါပဲ” ဟု ဇယ်လန်းစကီးက ဆိုသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့က စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ဒေသအဖြစ် ယာမက်ခ်၏ နေအိမ်အား စီးနင်းရှာဖွေခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက်တွင် ၎င်း ရာထူးမှနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။
ယူကရိန်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များကြား ပြီးခဲ့သည့်တစ်ကြိမ် ဆွေးနွေးမှုများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Zelensky names new head for peace talks with U.S., Russia
KIEV, Nov. 29 (Xinhua) — Ukrainian President Volodymyr Zelensky appointed Rustem Umerov as the new head of the Ukrainian delegation to peace talks with the United States, other Ukrainian partners and Russia, local media reported on Saturday.
Umerov, Ukraine’s secretary of national security and defense council, replaces Andriy Yermak in the post.
In a statement on social media platform X, Zelensky said the Ukrainian team led by Umerov has departed for the United States to discuss ways to end the Russia-Ukraine conflict.
“Rustem delivered a report today, and the task is clear: to swiftly and substantively work out the steps needed to end the war,” Zelensky said.
On Friday, Yermak resigned after anti-corruption authorities searched his home as part of an investigation.
The previous talks between Ukrainian and U.S. delegations were held in Geneva, Switzerland, on Nov. 23.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.