Connect with us

Media

ဆာဂျီယို ဘူးစကွက်စ်နှင့် ဂျော်ဒီ အယ်လ်ဘာတို့အတွက် ပြီးပြည့်စုံသောဗိုလ်လုပွဲ ဖြစ်လာမည်ဟု မက်ဆီ ဆို

ဖို့ထ်လော်ဒါဒေး၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
အင်တာမိုင်ယာမီအသင်းအနေဖြင့် ဗန်ကူးဗား ဝှိုက်ကပ်စ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် MLS Cup ဗိုလ်လုပွဲတွင် အသင်း၏ကစားသမားနှစ်ဦးဖြစ်သည့် ဆာဂျီယို ဘူးစကွက်စ်နှင့် ဂျော်ဒီ အယ်လ်ဘာတို့အတွက် ထိုက်တန်သော နှုတ်ဆက်ခွဲခွာမှုကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ကြောင်း လီယွန်နယ် မက်ဆီက ပြောကြားခဲ့သည်။
ကွင်းလယ်လူ ဘူးစကွက်စ်နှင့် နောက်ခံအစွန်လူ အယ်လ်ဘာတို့မှာ ဖို့ထ်လော်ဒါဒေးမြို့ရှိ ချေ့စ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲအပြီးတွင် ကစားသမားဘဝမှ အနားယူကာ ဘာစီလိုနာအသင်းဖော်ဟောင်းနှင့်အတူ အောင်မြင်သော ကစားသမားဘဝကို ပြည်ဖုံးကားချတော့မည်ဖြစ်သည်။
“အဲဒါက ကျွန်တော့်အတွက်တင်မကဘဲ သူတို့အတွက်ရော အားလုံးအတွက်ပါ သိပ်ကိုချိုမြိန်ပါလိမ့်မယ်” ဟု မေဂျာလိဂ်ပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၄ ရက်၌ မက်ဆီက ပြောကြားခဲ့သည်။ “သူတို့ရဲ့ကစားသမားဘဝကို ချန်ပီယံဆုဖလားနဲ့အတူ အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ပါစေ” ဟု ၎င်းက ဆန္ဒပြုခဲ့သည်။
အဆိုပါ ကစားသမားသုံးဦးမှာ ၂၀၂၃ ခုနှစ်တွင် မိုင်ယာမီအသင်း၌ ပြန်လည်ဆုံစည်းခဲ့ခြင်းဖြစ်ကာ မက်ဆီမှာ ပီအက်စ်ဂျီအသင်းမှ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဘူးစကွက်စ်နှင့် အယ်လ်ဘာတို့မှာမူ ဘာစီလိုနာအသင်းမှ ထွက်ခွာပြီးနောက် မိုင်ယာမီသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“အဲဒါက အတိုင်းထက်အလွန် အပြုသဘောဆောင်မှာဖြစ်သလို သူတို့နှစ်ယောက်လုံးပိုင်ဆိုင်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားဘဝမှာ ပျော်ရွှင်စရာတစ်ခု ထပ်တိုးလာပြီး သူတို့ဆွတ်ခူးခဲ့တဲ့ ဆုဖလားတွေအားလုံးနဲ့အတူ အနားယူခွင့်ရမှာမို့ သိပ်ကိုချိုမြိန်တဲ့ အမှတ်တရတစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ဘလွန်းဒီအော ၈ ဆုရှင်နှင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဆုရှင်က ပြောသည်။
“နောက်ထပ်ဆုဖလားတစ်လုံး ထပ်ယူပြီး ကျေနပ်ပျော်ရွှင်စွာနဲ့ ကစားသမားဘဝကနေအနားယူရင်း အမေရိကန်မြေကနေ ဆုဖလားနဲ့အတူ နှုတ်ဆက်ခွဲခွာရမှာမို့လို့ သိပ်ကိုထူးခြားတဲ့အရာတစ်ခု ဖြစ်လာမှာပါ” ဟု မက်ဆီက ဆိုသည်။
ဧပြီလအတွင်းက မိုင်ယာမီအား နှစ်ကြိမ်အနိုင်ယူကာ ကွန်ကာကက်ဖ် ချန်ပီယံဆုဖလားပြိုင်ပွဲမှ ဖြုတ်ချခဲ့သည့် ဗန်ကူးဗားအသင်းနှင့် ဗိုလ်လုပွဲမှာ အကြိတ်အနယ်ရှိမည်ဟု အသင်းဘက်က မျှော်လင့်ထားကြောင်း မက်ဆီက ပြောသည်။ ထို့နောက် အဆိုပါကနေဒါကလပ်အသင်းမှာ ကစားသမားအင်အား ထပ်မံဖြည့်တင်းထားကာ ဘိုင်ယန်မြူးနစ်ဂန္ထဝင်နှင့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဆုရှင် သောမတ်စ် မူလာမှာလည်း ဩဂုတ်လက ဗန်ကူးဗားအသင်းထံရောက်ရှိလာခဲ့သည်။

“ကျွန်တော်တို့ ဗန်ကူးဗားအသင်းနဲ့ ရင်ဆိုင်ဖူးတာမို့ သူတို့က ဘယ်လိုအသင်းမျိုးလဲဆိုတာကို သိပါတယ်” ဟု မက်ဆီက ဆိုသည်။ “တကယ်တော့ သူတို့က ကျွန်တော်တို့ကို အနိုင်ယူထားတာပါ။ သူတို့က တစ်ရာသီလုံး သိပ်ကိုခြေစွမ်းတည်ငြိမ်တဲ့ အသင်းတစ်သင်းဖြစ်သလို ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ခဲ့ပြီး ကျွန်တော်တို့လိုပဲ ပြိုင်ပွဲတိုင်းမှာ နောက်ဆုံးအဆင့်အထိ ယှဉ်ပြိုင်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“အလွန့်အလွန်ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ပြီးတော့ သူတို့အသင်းကို မူလာလည်း ရောက်လာပြီဆိုတော့ အများကြီးပိုကောင်းတဲ့အသင်း ဖြစ်သွားပြီလေ။ ဒါကြောင့် အဲဒီပွဲမှာ သူတို့အသင်းကို ပိုပြီးသတိထားရမှာပါ။ အလွန့်အလွန်ထူးခြားတဲ့ ဗိုလ်လုပွဲတစ်ခုဖြစ်လာနိုင်ပြီး အဲဒီပွဲမှာ ကျွန်တော်တို့အသာရနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မက်ဆီက ပြောသည်။
“သူ မေဂျာလိဂ်မှာလာကစားတာရော အဲဒါရဲ့အကျိုးဆက်ကပါ သိပ်ကောင်းပါတယ်။ ဒီဗိုလ်လုပွဲမှာ ကျွန်တော်တို့နှစ်ယောက် နောက်တစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်ရမှာဆိုတော့ ကောင်းပါတယ်” ဟု မက်ဆီက ဆက်လက်ပြောကြားသည်။ (Xinhua)
………………..
(English Version)
Messi eyes perfect finale for Busquets, Alba
FORT LAUDERDALE, Dec. 4 (Xinhua) — Lionel Messi said he hopes Inter Miami can give Sergio Busquets and Jordi Alba the farewell they deserve when the pair play the final match of their careers in the MLS Cup title game against the Vancouver Whitecaps.
The midfielder and fullback will retire after the final at Chase Stadium in Fort Lauderdale, closing out decorated careers alongside their former Barcelona teammate.
“It would be very nice for me, for them, for everyone, wouldn’t it?,” Messi told the official MLS website on Thursday. “May they finish their careers with a title and in the best possible way.”
The three came together at Miami in 2023, with Messi joining from Paris Saint-Germain and Busquets and Alba arriving after their exits from Barcelona.
“I think it would be very, very, very positive and a very nice memory for them to retire with one more joy in the great careers they both have had, with all the titles they both won,” the eight-time Ballon d’Or winner and 2022 World Cup winner said.
“To add one more and retire with a good taste in their mouth and say goodbye to the United States with a title? It would be something very special.”
Messi said Miami expects a demanding final against a Vancouver side that beat the Florida outfit twice in April to eliminate it from the CONCACAF Champions Cup. Since then the Canadian side has strengthened its squad with the arrival of Bayern Munich great and 2014 World Cup winner Thomas Muller in August.
“We have already faced Vancouver, and we know what kind of team they are,” Messi said. “In fact, they eliminated us. It was also a very consistent team throughout the year that finished among the top sides and competed in all competitions until the end, just as we did.”
“We know it’s going to be a very, very tough game, and the addition of Müller coming to that team makes them much better still. It brings more awareness to the game, to the team, and it will be a very, very special final, which we hope will be in our favor.”
He added: “It is very nice that he has come to play in MLS and the repercussions that this represents. It’s good that this final came to be and that we can face each other again.”