Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် လူ ၁ ဦး သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည် ၄၅ ဦး တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုသည် ဇန်နဝါရီ ၁ ရက် ဒေသစံတော်ချိန် နံနက် ၃:၃၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ပြောခဲ့သည်။
ယာဉ်မောင်းဖြစ်သူမှာ မော်တော်ယာဉ်မောင်းနှင်နေစဉ် အိပ်ငိုက်သဖြင့် လမ်းအကာအရံကို တိုက်မိကာ ယာဉ်တိမ်းမှောက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများအနက် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် ကလေးငယ် ၂ ဦး ပါဝင်ကြောင်း၊ ၎င်းတို့အားလုံး ဆေးရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Bus accident kills one, injures over 30 on Myanmar’s Yangon-Mandalay highway

YANGON, Jan. 2 (Xinhua) — A bus with 45 passengers aboard rolled over on Myanmar’s Yangon-Mandalay highway, causing one fatality and 32 injuries, according to the highway traffic police force on Thursday.
The incident occurred around 3:30 a.m. local time on Wednesday, an official from the highway traffic police force told Xinhua.
The accident was caused by the bus driver falling asleep while driving. As a result, the bus hit a road barrier and overturned, he said.
Among the 32 injured were nine men, 21 women, and two children, all of whom were hospitalized, he added.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.