Media
အစ္စရေးက ပိတ်ပင်ထားသည့်တိုင် ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသတွင် UNRWA က အကူအညီပေးပို့မှုများ ဆက်လက်လုပ်ဆောင်
အစ္စရေး၏ ပိတ်ပင်မှု စတင်အသက်ဝင်လာပြီ ဖြစ်သော်လည်း ကုလသမဂ္ဂ၏ ပါလက်စတိုင်း ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအေဂျင်စီ (UNRWA) အနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်ကို ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ဇန်နဝါရီ ၃၀ ရက်၌ ပြောကြားခဲ့သည်။
UNRWA အား အစ္စရေးနိုင်ငံအတွင်း လည်ပတ်လုပ်ကိုင်ခွင့် ပိတ်ပင်သည့် ဥပဒေနှစ်ရပ်အား အစ္စရေး ပါလီမန်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ၌ အတည်ပြုခဲ့ကာ အစ္စရေး အာဏာပိုင်များကိုလည်း ၎င်းအေဂျင်စီနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ခဲ့သည်။ ထိုဥပဒေများသည် ဇန်နဝါရီ ၃၀ ရက်၌ အသက်ဝင်လာခဲ့ပြီဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0P1
…………………………………………………………………………….
(English Version)
UNRWA continues aid delivery in Gaza, West Bank despite Israeli ban: UN
The United Nations relief agency for Palestinian refugees, known as UNRWA, is continuing its mandate despite an Israeli ban coming into effect, a UN spokesman said on Thursday.
In October 2024, the Israeli parliament passed two legislations to prohibit UNRWA from operating in the country, and ban Israeli authorities from any contact with the agency. The laws take effect on Thursday. xhtxs.cn/0P1