Connect with us

Media

ပါလက်စတိုင်းအရေးနှင့် စပ်လျဉ်းသည့် အရေး‌‌ပေါ် အာရပ်ထိပ်သီးအစည်းအဝေးအား အီဂျစ်နိုင်ငံက ဖေ‌ဖော်ဝါရီ ၂၇ ရက်၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

ပါလက်စတိုင်းအရေး၊ ဂါဇာကမ်းမြောင်ဒေသ အရေးတို့နှင့် စပ်လျဉ်းသည့် လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများကို ဖြေရှင်းရန်အတွက် အရေး‌ပေါ် အာရပ်ထိပ်သီးအစည်းအဝေးအား အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်၌ လက်ခံကျင်းပသွားမည်ဟု အီဂျစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ပါလက်စတိုင်းများကို ဂါဇာဒေသမှ အီဂျစ်နှင့် ဂျော်ဒန် အပါအဝင် အိမ်နီးချင်းနိုင်ငံများဆီသို့ နေရပ်ရွှေ့ပြောင်းမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အငြင်းပွားဖွယ် မှတ်ချက်စကား ပြောကြားခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထရမ့်၏ အဆိုပြုချက်အား ဒေသတွင်း နိုင်ငံများသာမက နိုင်ငံတကာကလည်း ကျယ်ကျယ်ပြန့်ပြန့် ပယ်ချခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/02R
……………………………………………………
(English Version)
Egypt to host emergency Arab summit on Palestinian issue Feb. 27
Egypt announced on Sunday that Cairo will host an emergency Arab summit on Feb. 27 to address the latest developments concerning the Palestinian issue and the Gaza Strip, the Egyptian Foreign Ministry said in a statement.
The announcement followed controversial remarks by U.S. President Donald Trump suggesting the relocation of Palestinians from Gaza to neighboring countries, including Egypt and Jordan. The proposal has been widely rejected both regionally and internationally. xhtxs.cn/02R

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.