Connect with us

Media

ကုန်သွယ်ဖက်နိုင်ငံများအား အပြန်အလှန် စည်းကြပ်ခွန်များ သတ်မှတ်မည့် အစီအစဉ်ကို ထရမ့် လက်မှတ်ရေးထိုး

ပြည်ပကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံချင်းစီနှင့် စပ်လျဉ်း၍ နှုန်းထားတူညီစွာ အပြန်အလှန် စည်းကြပ်ခွန် သတ်မှတ်မည့် ပမာဏကို စိစစ်တွက်ချက်ရန် ညွှန်ကြားသည့် အမိန့်ကြေညာချက်အား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်၌ လက်မှတ်ရေးထိုးခဲ့သည်။
“မျှမျှတတဖြစ်စေဖို့ ရည်ရွယ်တဲ့အနေနဲ့ အပြန်အလှန် စည်းကြပ်ခွန်သတ်မှတ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပါ။ အဓိပ္ပာယ်ကတော့ အမေရိကန်ကို အခွန်စည်းကြပ်တဲ့ ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က အဲဒီထက်မပိုတဲ့၊ မလျော့တဲ့ နှုန်းထားအတိုင်း သူတို့ကို အခွန်စည်းကြပ်သွားမှာပါ။ တစ်နည်းပြောရရင် သူတို့က ကျွန်တော်တို့ကို အခွန်စည်းကြပ်ရင် ကျွန်တော်တို့ဘက်ကလည်း တူညီတဲ့ နှုန်းထားအတိုင်း သူတို့ကို အခွန်စည်းကြပ်မှာပါ။ ရိုးရိုးရှင်းရှင်းလေးပါပဲ” ဟု ထရမ့်က အိမ်ဖြူတော်၌ ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1ac
…………………………………………………………
(English Version)
Trump signs plan to impose “reciprocal” tariffs on trading partners
U.S. President Donald Trump on Thursday signed a memorandum directing his administration to determine “the equivalent of a reciprocal tariff with respect to each foreign trading partner.”
“I have decided for purposes of fairness, that I will charge a reciprocal tariff – meaning whatever countries charge the United States of America, we will charge them no more, no less. In other words, they charge us a tax or tariff and we charge them the exact same tax or tariff. Very simple,” Trump said at the White House. xhtxs.cn/1ac