Media
အမေရိကန်၏ နေရပ်ရွှေ့ပြောင်းရေး အဆိုပြုချက် ထွက်ပေါ်လာပြီးနောက် ဂါဇာဒေသခံများ ဆန္ဒအလျောက် ထွက်ခွာနိုင်ရေး အစီအစဉ်အတွက် ပြင်ဆင်ထားရန် အစ္စရေးက ၎င်း၏စစ်တပ်အား ညွှန်ကြား
ဂါဇာဒေသခံများအနေဖြင့် ၎င်းတို့အား လက်ခံကြိုဆိုရန် ဆန္ဒရှိသည့် မည်သည့်နိုင်ငံကိုမဆို ဆန္ဒအလျောက် ထွက်ခွာခြင်းအား ခွင့်ပြုပေးရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကက်ဇ်က အစ္စရေးစစ်တပ်အား ညွှန်ကြားခဲ့သည်ဟု ၎င်း၏ရုံးက ဖေဖော်ဝါရီ ၆ ရက်၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအား ထိန်းချုပ်ခွင့်ကို လွှဲပြောင်းရယူမည်ဖြစ်ကာ ပါလက်စတိုင်းများကို အခြားနေရာများဆီသို့ ရွှေ့ပြောင်းပြီးနောက် ယင်းဒေသ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၄ ရက်၌ မှတ်ချက်ပြုခဲ့ပြီးနောက် အဆိုပါ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အလည်အပတ်ရောက်ရှိနေသော ဧည့်သည်တော် အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ထရမ့်က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0YO
………………………………………………………………..
(English Version)
Israel orders army to prepare “voluntary departure” plan for Gazans following U.S. relocation proposal
Israeli Defense Minister Israel Katz has ordered the army to prepare a plan to allow the “voluntary departure” of Gaza residents for any country willing to receive them, according to a statement issued by his office on Thursday.
The directive follows U.S. President Donald Trump’s remarks on Tuesday that the United States will take ownership of the Gaza Strip and redevelop it after Palestinians are relocated elsewhere. Trump made these remarks in a joint press conference with visiting Israeli Prime Minister Benjamin Netanyahu. xhtxs.cn/0YO