Media
မြန်မာနိုင်ငံ အလယ်ပိုင်း မြေလတ်ဒေသက မြန်မာ့ရိုးရာ ထမနဲပွဲ
မကွေး၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြေလတ်ဒေသတစ်ခုဖြစ်သော မကွေးတိုင်းဒေသကြီး ကံမမြို့နယ်တွင် ကျင်းပပြုလုပ်သော မြန်မာ့ရိုးရာ ထမနဲပွဲမြင်ကွင်းကို ရိုက်ကူးထားခြင်းဖြစ်ပါသည်။
ထမနဲပွဲဆိုသည်မှာ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တပို့တွဲလ (ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း) တွင် ကျင်းပလေ့ရှိသည်။
ထမနဲက ကောက်ညှင်းဖြင့် ပြုလုပ်ထားသော အစားအစာတစ်မျိုးဖြစ်ပြီး ကောက်ညှင်းကို နူးအိသွားအောင် ချက်ပြုတ်၍ အုန်းသီး၊ မြေပဲ၊ နှမ်း၊ ဆီ၊ ချင်း (ဂျင်း)၊ ဆားစသည်တို့နှင့် ရောနယ်ကာ ထမနဲထိုးကြခြင်းဖြစ်သည်။
ထမနဲထိုးရာတွင် လူအများ အတူတကွ စုပေါင်းကာပါဝင်ဆင်နွှဲကြသော ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။ (Xinhua)