Connect with us

Media

မြန်မာနိုင်ငံ ဖျာပုံမြို့တွင် မြန်မာ့ရိုးရာယဥ်ကျေးမှုဓလေ့ မြန်မာ့သနပ်ခါးလိမ်းပြိုင်ပွဲကျင်းပ

ဖျာပုံ၊ မတ် ၂၀ ရက် (ဆင်ဟွာ)
မြန်မာ့ရိုးရာ ယဥ်ကျေးမှုဓလေ့ မြန်မာ့သနပ်ခါးလိမ်းပြိုင်ပွဲ ဖျာပုံခရိုင်အဆင့် ပြိုင်ပွဲကို ဖျာပုံမြို့ အ.ထ.က (၁) ရာပြည့်ခန်းမ၌ မတ် ၁၉ ရက်က ကျင်းပခဲ့သည်။
“မြန်မာ့ရိုးရာ သနပ်ခါးယဥ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဥ်ကျေးမှု အမွေအနှစ်အဖြစ် နိုင်ငံရဲ့ ကိုယ်စားပြုစာရင်းသွင်းတင်ပြတဲ့အခါမှာ အထောက်အကူပြုစေဖို့ ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်လင်းက ပြောခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာယဥ်ကျေးမှု သနပ်ခါးလိမ်းပြိုင်ပွဲတွင် ပိတောက်အသင်း၊ ချယ်ရီအသင်း၊ ရှင်မတောင်အသင်း၊ ငုဝါအသင်း စသည့် ကျောင်းပေါင်းစုံမှ အသင်း ၄ သင်း ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ပိတောက်အသင်းက ပထမဆု၊ ရှင်မတောင်အသင်းက ဒုတိယဆု၊ ငုဝါအသင်းက တတိယဆုနှင့် ချယ်ရီအသင်းက အထူးဆုရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.