Media
ဂျူဗင်တပ်စ်အသင်းက နည်းပြချုပ် မော့တာကို ရာထူးမှထုတ်ပယ်ခဲ့ပြီး တူဒေါအား နည်းပြသစ်အဖြစ် ခန့်အပ်
အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းက အသင်း၏ စွမ်းဆောင်ရည်များ ဆက်တိုက်ကျဆင်းလာပြီးနောက် နည်းပြချုပ်ဖြစ်သူ သီယာဂို မော့တာကို ရာထူးမှထုတ်ပယ်လိုက်ပြီး ၎င်း၏နေရာတွင် အသင်း၏ ကစားသမားဟောင်းဖြစ်သူ အီဂေါ တူဒေါအား အစားထိုးခန့်အပ်လိုက်သည်။
အီတလီလက်ရွေးစင် ကစားသမားဟောင်း မော့တာမှာ ပြီးခဲ့သည့်နွေရာသီတွင် ဘိုလော့ညာမှ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ယခုဘောလုံးရာသီ၌ ပုံစံကောင်းဖြင့် စတင်နိုင်ရန် အသင်းအား ဦးဆောင်ခဲ့သည်။ သို့သော် ဂျူဗင်တပ်စ်အသင်းအနေဖြင့် ခြေစွမ်းတစ်သမတ်တည်း မရှိသည့်အတွက် ရုန်းကန်ခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနှင့် ကိုပါအီတာလီယာ ဖလားတို့မှ စောစီးစွာထွက်ခွာခဲ့ရသည်။
အတ္တလန်တာနှင့် ဖီအိုရင်တီးနားတို့ကို ဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အဆိုပါပွဲစဉ်နှစ်ပွဲတွင် ပေးဂိုး ၇ ဂိုးအထိ ခွင့်ပြုခဲ့ရကာ ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းလည်း မရှိဘဲ ဂျူဗင်တပ်စ်မှာ စီးရီးအေ အမှတ်ပေးဇယား၌ အဆင့်-၅ နေရာသို့ ရောက်ရှိနေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရေး မရေမရာရှိနေချိန်တွင် အသင်းဘက်က မော့တာနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
…………………
(English Version)
Juventus sacks head coach Motta, Tudor steps in
Juventus fired head coach Thiago Motta on Sunday after a string of poor performances, replacing him with former player Igor Tudor.
Former Italy international Motta joined Juventus from Bologna last summer and led the team to a strong start to the season. However, Juventus struggled with inconsistency and was eliminated early from both the Champions League and Coppa Italia.
After consecutive heavy defeats to Atalanta and Fiorentina, in which the team conceded seven goals and failed to score, Juventus dropped to fifth in the Serie A standings, putting its Champions League qualification hopes at risk. The club decided to part ways with Motta as a result.