Connect with us

Media

ရီယတ်မြို့၌ အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲ ပြီးဆုံးသွားပြီဖြစ်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီး ပြော

ရီယတ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယတ်၌ အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်များအကြား ဆွေးနွေးမှုများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရူစတမ် အူမာရော့ဗ်က မတ် ၂၃ ရက်၌ ကြေညာခဲ့ပြီး ယင်းဆွေးနွေးမှုမှာ ထိရောက်အကျိုးရှိ၍ ‌လေးလေးနက်နက်ရှိခဲ့ပြီး စွမ်းအင်အပါအဝင် အဓိကအချက်များကို ဖြေရှင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး၏ မျှော်မှန်းချက်မှာ ယူကရိန်းနှင့် ဥရောပအတွက် တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိရန်ပင်ဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သည့် အူမာရော့ဗ်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်း၌ အလေးအနက်ပြောကြားခဲ့သလို ၎င်းတို့အနေဖြင့် ထိုမျှော်မှန်းချက်အတိုင်း လက်တွေ့ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။
ယူကရိန်းနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်အဖွဲ့များသည် ရီယတ်မြို့တွင် မတ် ၂၃ ရက် အစောပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ယူကရိန်း ကိုယ်စားလှယ်အဖွဲ့၌ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် အိုလက်ဇန်းဒါး ကရာဆီဗစ်ချ်၊ သမ္မတရုံး ဒုတိယအကြီးအကဲများဖြစ်သည့် ပတ်ဗလို ပါလစ်ဆာနှင့် အီဟော ဇာကဗာ၊ ဒုတိယစွမ်းအင်ဝန်ကြီး မိုင်ကိုလာ ကိုလစ်စ်နစ်တို့လည်း ပါဝင်ကြောင်း Ukrinform သတင်းဌာန၏ အဆိုအရ သိရသည်။
ဆော်ဒီနိုင်ငံ၏ ဆိပ်ကမ်းမြို့ ဂျက်ဒါ၌ နှစ်ဖက်အကြား ပြီးခဲ့သည့် တွေ့ဆုံဆွေးနွေးမှုအတွင်း ယူကရိန်းဘက်က အမေရိကန် အဆိုပြုသော ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို သဘောတူခဲ့ပြီး အပြန်အလှန်အနေဖြင့် အမေရိကန်ကလည်း ယူကရိန်းအား စစ်ရေးအကူအညီနှင့် ထောက်လှမ်းရေးသတင်း မျှဝေမှုများ ယာယီရပ်ဆိုင်းထားခြင်းကို ရုပ်သိမ်းပေးခဲ့ပြီး သီတင်းနှစ်ပတ်နီးပါးအကြာတွင် ယခုဆွေးနွေးပွဲ ပေါ်ပေါက်လာြခင်းဖြစ်သည်။ (Xinhua)

………………..
(English Version)
U.S., Ukraine conclude “productive” talks in Riyadh: Ukrainian DM
RIYADH, March 23 (Xinhua) — Ukrainian Defense Minister Rustem Umerov announced Sunday that the talks between U.S. and Ukrainian delegations have concluded in Saudi Arabia’s capital Riyadh, saying the discussion was “productive and focused,” with “key points including energy” addressed.
In a post on social media platform X, Umerov, who led the Ukrainian delegation, emphasized that Ukrainian President Volodymyr Zelensky’s goal is “to secure a just and lasting peace” for Ukraine and Europe at large, claiming, “We are working to make that goal a reality.”
The Ukrainian and U.S. teams met earlier in the day in Riyadh.
According to the Ukrinform news agency, the Ukrainian delegation also included State Secretary of the Ukrainian Foreign Ministry Oleksandr Karasevych, deputy heads of the President’s Office, Pavlo Palisa and Ihor Zhovkva, as well as Deputy Energy Minister Mykola Kolisnyk.
The talks came almost two weeks after a previous meeting between the two sides in the Saudi port city of Jeddah saw Ukraine okay a U.S.-proposed 30-day ceasefire plan in exchange for Washington lifting its pause on military aid to and intelligence sharing with Ukraine.
English Caption
This photo taken on March 23, 2025 shows a view of the Ritz-Carlton hotel, venue of the talks between U.S. and Ukrainian delegations, in Riyadh, Saudi Arabia. (Xinhua/Wang Dongzhen)