Connect with us

Media

မြန်မာနိုင်ငံ တိုက်ကြီးမြို့ အနီးကို ဗဟိုပြုသည့် အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ မြေငလျင် လှုပ်ခတ်မှု ရန်ကုန်မြို့တွင် သိသိသာသာခံစားခဲ့ရ

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ်၊ မတ်လ (၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀)နာရီ၊ (၀၃)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၁၇.၂၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၆)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိခဲ့သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ (Xinhua)