Media
မြန်မာနိုင်ငံတွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် သတ်မှတ်ကြေညာခြင်း
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးသူများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁ – ၃ -၂၀၂၅ ရက်မှ ၆ – ၄ – ၂၀၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်ကြောင်း၊ ထိုရက်များအတွင်း နိုင်ငံတော်အလံအားတိုင်ဝက်လျှော့ချ၍ လွှင့်ထူကြရန်ကြေညာလိုက်ကြောင်း ယနေ့ (မတ် ၃၁ ရက်) ထုတ်ပြန်သော MRTV သတင်းအရသိရပါသည်။