Connect with us

Media

ဓားစာခံများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ ဟားမက်စ်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးနေသည်ဟု အိမ်ဖြူတော် အတည်ပြု

ထရမ့်အစိုးရအနေဖြင့် အစ္စရေးဓားစာခံများ လွတ်မြောက်ရေးအတွက် ရည်ရွယ်၍ ဟားမက်စ်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း အိမ်ဖြူတော်က မတ် ၅ ရက်၌ အတည်ပြုခဲ့သည်။
Axios သတင်းဌာနက အဦးဆုံးဖော်ပြခဲ့သည့် အဆိုပါ ဆွေးနွေးမှုများကို ကာတာနိုင်ငံ ဒိုဟာမြို့တွင် လွန်ခဲ့သော သီတင်းပတ်များက ကျင်းပခဲ့ခြင်းဖြစ်ကာ သမ္မတ၏ ဓားစာခံအရေးကိစ္စဆိုင်ရာ သံတမန်ဖြစ်သူ အဒမ်ဘိုလာက အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်နေသည့် အထူးသံတမန်မှာ မည်သူနှင့်မဆို ဆွေးနွေးနိုင်သည့် အခွင့်အာဏာရှိကြောင်း၊ ထိုကိစ္စရပ်နှင့် စပ်လျဉ်း၍ အစ္စရေးနှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း အဆိုပါ စေ့စပ်ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ မတ် ၅ ရက် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က ပြန်လည်ဖြေကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1Gd
……………………………………………………..
(English Version)
White House confirms direct talks with Hamas aimed at releasing hostages
The White House confirmed Wednesday that the Trump administration is having direct talks with Hamas aimed at releasing hostages. The talks, first reported by Axios, were held in Doha, Qatar, in recent weeks and were led on the U.S. side by presidential envoy for hostage affairs Adam Boehler.
Asked about the talks, White House press secretary Karoline Leavitt told reporters during Wednesday’s daily press briefing that “the special envoy who’s engaged in those negotiations does have the authority to talk to anyone,” adding that “Israel was consulted on this matter.” xhtxs.cn/1Gd

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.