Media
မြန်မာနိုင်ငံအခြေစိုက် အကူအညီပေးရေး အေဂျင်စီများက ငလျင်ဒဏ်ကယ်ဆယ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိဟု တာဝန်ရှိသူ ပြော
ရန်ကုန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က ပြင်းအား ၇.၉ မဂ္ဂနီကျုရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှု အကူအညီပေးရေး အေဂျင်စီများက ကယ်ဆယ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက မတ် ၃၁ ရက်၌ ဆင်ဟွာသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) တို့က လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖွဲ့မှ ပရိုဂရမ် ညှိနှိုင်းရေးမှူးဖြစ်သူ မာရီ မန်းနရစ်ခ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
MRCS အနေဖြင့် ဒဏ်ရာရသူများကို ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့မပို့ဆောင်မီ ပြုစုစောင့်ရှောက်ခြင်းတို့ လုပ်ဆောင်ပေးလျက်ရှိသလို ခြုံစောင်၊ မိုးရေကာဖျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်ပစ္စည်း စသည်တို့ကိုလည်း လိုက်လံဝေငှပေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံက ငလျင်ဒဏ်ခံစားနေရသူတွေကို ကူညီကယ်ဆယ်ဖို့ တရုတ်နိုင်ငံက ချက်ချင်း တုံ့ပြန်ဆောင်ရွက်တာနဲ့အတူ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတာကို တွေ့ရတော့ သိပ်ကိုဝမ်းသာပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………………………………
(English Version)
Myanmar-based aid agencies in relief efforts following earthquake: official
YANGON, March 31 (Xinhua) — Humanitarian aid agencies based in Myanmar have been in relief efforts since a 7.9-magnitude earthquake rattled the country on Friday, an official told Xinhua on Monday.
The Myanmar Red Cross Society (MRCS) and the International Federation of Red Cross and Red Crescent Societies (IFRC) have launched a humanitarian response, Marie Manrique, program coordinator of the Myanmar delegation of IFRC, told Xinhua.
MRCS has been providing first aid and pre-hospital care to injured individuals and deploying items including blankets, tarpaulins and hygiene kits, she said.
“I am really happy to see international rescue teams arriving in Myanmar to help the victims of the earthquake, with China conducting an immediate response,” she noted. ■
This photo shows rescue operations underway in Mandalay, Myanmar, March 29, 2025. (Photo by Kyaw Zin Tun/Xinhua)