Connect with us

Media

ကမ္ဘာလုံးဆိုင်ရာ အာကာသကျွမ်းကျင်ပညာရှင်များက ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးကို နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား

ရှန်ဟိုင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံ ၄၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀ ခုကျော်မှ အာကာသကျွမ်းကျင်ပညာရှင်များသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာ အာကာသကွန်ဖရင့်အတွက် ရှန်ဟိုင်းမြို့တွင် စုစည်းရောက်ရှိကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရန် အာကာသနည်းပညာကဏ္ဍ၌ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးအတွက် တိုက်တွန်းခဲ့ကြသည်။
တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) အကြီးအကဲ ဆန်းကျုံးတယ်က CNSA အနေဖြင့် ကာဗွန်ထုတ်လွှတ်မှု စောင့်ကြည့်ရေး၊ ကာဗွန်လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးမှုများ စသည့်နယ်ပယ်များ၌ အာကာသနည်းပညာ အသုံးချမှုကို တက်ကြွစွာမြှင့်တင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် CNSA အနေဖြင့် ဆန်းသစ်တီထွင်မှုက တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှုဆီ လျှောက်လှမ်းမည်ဖြစ်ကာ အာကာသကဏ္ဍတွင် နည်းပညာဆိုင်ရာ အောင်မြင်မှုများ ရှာဖွေ၍ ရာသီဥတုပြောင်းလဲမှုကို နိုင်နင်းစွာ ကိုင်တွယ်ဆောင်ရွက်ရာတွင် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံမှု တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/27X
……………………..
(English Version)
Global space experts call for deeper cooperation to tackle climate change
SHANGHAI, April 25 (Xinhua) — Space experts from over 40 countries and 10 international organizations gathered in Shanghai for the International Conference on Space for Climate Change, urging enhanced global collaboration in space technology to combat climate change.
Shan Zhongde, head of the China National Space Administration (CNSA), said that CNSA has long been actively promoting the application of space technology in such areas as emissions monitoring, carbon reduction and early warning of disasters.
He said CNSA will adhere to innovation-driven development, explore technological breakthroughs in the space sector, and expand the global partnership to cope with climate change. xhtxs.cn/27X
Photo 1: Spacesuits are on display at the preview of a science exhibition marking the 10th Space Day of China at Shanghai World Expo Exhibition and Convention Center in east China’s Shanghai, April 23, 2025. (Xinhua/Zhang Jiansong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.