Connect with us

Media

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၃ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၃ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၉ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က မေ ၁၀ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။ ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများမှာ အသင့်တပ်ဆင်ရန် သာမန်နေအိမ် အလုံးရေ ၁,၅၇၆ လုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)