Media
မြန်မာနိုင်ငံ မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မဟာဗောဓိကုန်းဘုရားကြီး၏ ၁၆၅ နှစ်ပြည့် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပ
မန္တလေး၊ မေ ၁၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင် တည်ရှိသော မင်းတုန်းမင်းတရားကြီး စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်တည်ရှိရာ ရှေးဟောင်းသမိုင်းဝင် မဟာဗောဓိပင်ဘုရားကြီး၏ ၁၆၅ နှစ်ပြည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေ ၁၁ ရက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ကျင်းပခဲ့သည်။ ကဆုန်လပြည့်နေ့တွင် တန်ခိုးကြီးဘုရားများ၊ ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များအား ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း စသည့် ကုသိုလ်ဒါနပြုလုပ်ကြသူများဖြင့် စည်ကားလေ့ရှိကြောင်း သိရသည်။ (Xinhua)