Connect with us

Media

ရွေးကောက်ခံ IOC ဥက္ကဋ္ဌဖြစ်သူ ကိုဗင်ထရီက အိုလံပစ်ပြိုင်ပွဲတွင် အာရှ၏ အခန်းကဏ္ဍအား ချီးကျူး

အာရှဒေသမှာ အိုလံပစ်အားကစားလှုပ်ရှားမှုတွင် အချက်အချာကျသော ဝင်ရိုးတစ်ခုဖြစ်သည်ဟု နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသော ကက်စတီ ကိုဗင်ထရီက မေ ၁၂ ရက်တွင် ကျင်းပသည့် ၄၅ ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ (OCA) အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။

ကူဝိတ်နိုင်ငံတွင် ကျင်းပသည့် အဆိုပါညီလာခံ၌ OCA အဖွဲ့ဝင် ကော်မတီ ၄၅ ခုမှ ကိုယ်စားလှယ်များအား မိန့်ခွန်းပြောကြားရာ၌ ဇင်ဘာဘွေနိုင်ငံသူ ရေကူးချန်ပီယံဟောင်း တစ်ဦးဖြစ်သည့် ကိုဗင်ထရီက အာရှဒေသ၏ စွမ်းပကား၊ စိတ်အားထက်သန်မှု၊ ဆန္ဒပြင်းပြမှုတို့အပေါ် အလေးထားပြောကြားခဲ့သည်။ ယင်းသည် IOC ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးအကြိမ် တရားဝင် မိန့်ခွန်းပြောကြားမှုဖြစ်သည်။

“အာရှဒေသဟာ အိုလံပစ်အားကစားလှုပ်ရှားမှုမှာရော ကျွန်မရဲ့နှလုံးသားထဲမှာပါ ထူးခြားလေးနက်တဲ့ နေရာအဖြစ် အမြဲတစေ တည်ရှိနေပါတယ်။ သင်တို့ဟာ အိုလံပစ်အားကစားလှုပ်ရှားမှု အနာဂတ်ရဲ့ အဓိကနေရာမှာ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ ကိုဗင်ထရီအနေဖြင့် ဇွန် ၂၃ ရက်၌ လက်ရှိဥက္ကဋ္ဌဖြစ်သူ သောမတ်စ်ဘတ်ချ်၏ အရိုက်အရာကို ဆက်ခံမည်ဖြစ်သည်။ (Xinhua)
……………………
(English Version)
Coventry hails Asia’s Olympic role at OCA General Assembly

International Olympic Committee (IOC) President-elect Kirsty Coventry declared Asia “a central cog in the Olympic Movement” during her keynote speech at the 45th Olympic Council of Asia (OCA) General Assembly on Monday.

Addressing delegates from 45 OCA member committees at the Kuwait-based assembly, the Zimbabwean former swimming champion emphasized Asia’s “dynamism, passion, and ambition” in her first formal address since election.

“Asia has always had a special place in the Olympic Movement – and in my heart. You are central to its future,” said Coventry, who will succeed Thomas Bach on June 23.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.