Media
ဘာစီလိုနာအသင်းက လာလီဂါဆုဖလားကို ၂၈ ကြိမ်မြောက် ဆွတ်ခူး
မေ ၁၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာက အက်စပန်ညိုကို အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ယခုဘောလုံးရာသီ၏ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်သည်။
ဘာစီလိုနာမြို့ခံ ပြိုင်ဘက်နှစ်သင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်မှာ ပထမပိုင်းတွင် ခြေစွမ်းကွာဟချက် သိပ်မရှိခဲ့ဘဲ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ပွဲကိုစိုးမိုးထားသော်လည်း အက်စပန်ညိုက အခွင့်အရေးကောင်းအချို့ကို ဖန်တီးနိုင်ခဲ့သည်။
ပွဲကစားချိန် ၅၃ မိနစ်တွင် လာမင်း ယမားလ်က အတွင်းသို့ချိုးဝင်ကာ ဂိုးထောင့်ထဲသို့ သေသပ်လှပစွာ ဝေ့ဝိုက်ကန်သွင်း၍ ဘာစီလိုနာအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ပွဲကစားချိန် မိနစ် ၈၀ တွင် အက်စပန်ညိုနောက်ခံလူ လီယန်ဒရို ကာဘရီရာက ယမားလ်ကို ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ထုတ်ပယ်ခံခဲ့ရသဖြင့် အက်စပန်ညိုအတွက် ပြန်လမ်းမရှိတော့ပေ။
နာကျင်အချိန်ပိုတွင် ဖာမင် လိုပက်ဇ်က အနိုင်သေချာစေမည့် ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သဖြင့် ဘာစီလိုနာအသင်းမှာ အသင်း၏ သမိုင်းတစ်လျှောက် ၂၈ ကြိမ်မြောက် လာလီဂါဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
နောက်ထပ် လာလီဂါပွဲစဉ် တစ်ပွဲဖြစ်သည့် အက်သလက်တစ် ဘီဘာအိုနှင့် ဂီတာဖေးအသင်းတို့၏ ပွဲစဉ်တွင် ဘီဘာအိုက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် သေချာသွားခဲ့ပြီဖြစ်သည်။ ယခုပွဲစဉ်တွင် အနိုင်ရရှိခဲ့သဖြင့် ဘက်စကေးအခြေစိုက် ဘီဘာအိုအသင်းမှာ ဗီလာရီးရဲလ်အား သုံးမှတ်ဖြတ်၍ အဆင့်-၄ ၌ ရပ်တည်လျက်ရှိသည်။ (Xinhua)
……………………
(English Version)
Barca seals title, Athletic Bilbao takes Champions League spot in La Liga
FC Barcelona was confirmed as this season’s La Liga champion on Thursday night thanks to a 2-0 win away to Espanyol.
The first half in the Barcelona city derby was a relatively even affair, with Barcelona controlling most of the ball, but Espanyol creating a couple of decent chances.
Lamine Yamal put Barca ahead in the 53rd minute with another magnificent goal, cutting inside and curling his shot into the corner of the net.
When Espanyol defender Leandro Cabrera was sent off 10 minutes from time after swinging his arm into Yamal’s stomach, Espanyol had no way back.
Deep into injury time, Fermin Lopez scored Barca’s second to ensure the win that seals the club’s 28th La Liga title.
Second-half goals from Gorka Guruzeta and Dani Vivian saw Athletic Bilbao win 2-0 at Getafe to ensure a place in next season’s Champions League. The result keeps the Basque side in fourth place, three points clear of Villarreal.