Connect with us

Media

ရီးရဲလ်မက်ဒရစ်က စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ၌ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခံရခြင်းကို ရှောင်လွှဲနိုင်ခဲ့

ဧပြီ ၂၆ ရက်က ဘာစီလိုနာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲ ပွဲချိန်နှောင်းပိုင်းတွင် ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယို ရူဒီဂါ၏ အပြုအမူများအတွက် စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က ခြောက်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။
နောက်ခံလူ လူးကပ်စ် ဗက်ဇ်ကေးမှာမူ အဆိုပါပွဲစဉ်၌ ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်ကို တုံ့ပြန်ခဲ့ပုံနှင့် ပတ်သက်၍ စပိန်ဘုရင့်ဖလားပြိုင်ပွဲ၌ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော်လည်း ၎င်းမှာ ယခုနွေရာသီတွင် အသင်းမှထွက်ခွာတော့မည်ဖြစ်ရာ အသင်းအပေါ် သက်ရောက်မှုရှိလာမည် မဟုတ်ပေ။
ထိုစဉ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီကလည်း ထိုပွဲစဉ်တွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့် ဂျုဒ်ဘယ်လင်ဟမ်၏ ပြစ်ဒဏ်ကို အတည်ပြုရန် ဗီဒီယို သက်သေအထောက်အထားမရှိဟုဆိုကာ အရေးယူခဲ့ခြင်းမရှိပေ။ (Xinhua)
……………….
(English Version)
Real Madrid escape heavy punishment for Cup final protests but suffer two more injury losses
Real Madrid defender Antonio Rudiger has been given a six-game suspension by the Spanish Football Federation (RFEF) for his behavior in the closing moments of Saturday’s Copa del Rey final against FC Barcelona.
Defender Lucas Vazquez has been given a two-game ban for his reaction to the same incident, but with Vazquez due to leave Madrid this summer, the suspension, which is only applicable to the Copa del Rey, will not affect the club.
Meanwhile, the Disciplinary Committee has not sanctioned Jude Bellingham, who was also shown a red card, arguing there is no video evidence to support the red card.