Connect with us

Media

မေ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမား ဝမ်ချူချင်းက တရုတ် (ဟောင်ကောင်) မှ Wong Chun Ting အား အပြတ်အသတ် အနိုင်ယူ

မေ ၂၀ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲတွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမား ဝမ်ချူချင်းက တရုတ် (ဟောင်ကောင်) မှ Wong Chun Ting အား အပြတ်အသတ် အနိုင်ယူကာ စတုတ္ထအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါပွဲစဉ်၌ ဝမ်ချူချင်း (ဆီဒင်-၂) က တရစပ် ဖိအားပေးကစားသွားခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဝါရင့်ပြိုင်ဘက်ကစားသမားကို ၁၂-၁၀၊ ၁၁-၆၊ ၁၁-၅၊ ၁၁-၇ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။
“သူက သိပ်ကိုသန်မာတဲ့ ကစားသမားတစ်ယောက်ဖြစ်တာမို့ ကျွန်တော် အမှားမလုပ်မိအောင် ကြိုးစားခဲ့ရတယ်။ ပထမပွဲမှာ အနိုင်ရပြီးတော့ ကျွန်တော် အခြေအနေကောင်းသွားပြီလို့ ခံစားမိပါတယ်” ဟု ဝမ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)
………………….
(English Version)
Wang Chuqin reaches fourth round at table tennis worlds
Wang Chuqin overpowered Wong Chun Ting to reach the fourth round of the World Table Tennis Championships on Tuesday.
The second-seeded Chinese played an aggressive game as he nailed a 12-10, 11-6, 11-5, 11-7 victory over the 33-year-old Hong Kong veteran.
“He is a quite strong player and I tried not to make mistakes,” said Wang. “By taking the first set, I felt I was on a right way.”