Media
ကမ္ဘာ့ဖလား ရယူရန် ရည်မှန်းဟု ဘရာဇီးလက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဖြစ်လာသူ အန်ဆယ်လော့တီ ပြော
ဘရာဇီးလက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဖြစ်လာသူ ကာလို အန်ဆယ်လော့တီက ၎င်း၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ဘရာဇီးအသင်း ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်မှုပေးကာ ဘောလုံးလောက၏ ထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ရန် ၂၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်ပေးရန်ပင်ဖြစ်ကြောင်း မေ ၂၆ ရက်က ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်အား နည်းပြအဖြစ် နှစ်ကြိမ်ကိုင်တွယ်ခဲ့ရာတွင် ဆုဖလား ၁၅ လုံး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲခဲ့ပြီး နှစ်ရက်အကြာတွင် ရီယိုဒီဂျနေးရိုးမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အန်ဆယ်လော့တီအား ဘရာဇီးနည်းပြသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာ့အကောင်းဆုံး နိုင်ငံလက်ရွေးစင်အသင်းရဲ့ မန်နေဂျာဖြစ်ခွင့်ရတာက ဂုဏ်ယူစရာပါပဲ” ဟု အသက် ၆၅ နှစ်အရွယ် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ “အားလုံးက ကျွန်တော့်အပေါ် မျှော်လင့်ထားတဲ့ အရာနဲ့ပတ်သက်ပြီး လုံးဝသံသယမဖြစ်မိပါဘူး။ ကျွန်တော့်ရည်မှန်းချက်ကတော့ လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်ပွဲခံနိုင်ဖို့နဲ့ ဘရာဇီးအသင်း ထိပ်တန်းအဆင့် ပြန်ရောက်လာအောင် ကူညီပေးဖို့ပါပဲ။ အဲဒီအခွင့်အရေးအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်” ဟု ၎င်းက ဆိုသည်။
ဗျူနိုအေးရိစ်မြို့တွင် အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရသည့် ဘရာဇီးနည်းပြ ဒိုရီဗာ ဂျူနီယာ၏နေရာတွင် အန်ဆယ်လော့တီအား ယခုလအစောပိုင်းက အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………
(English Version)
Ancelotti unveiled as Brazil manager, eyes World Cup glory
Carlo Ancelotti said Monday that his sole aim as Brazil’s new head coach is to lead the team to its sixth World Cup title, ending a 24-year wait to return to football’s summit.
Ancelotti was officially unveiled at a news conference in Rio de Janeiro, two days after ending his tenure at Real Madrid, where he won 15 trophies across two spells.
“It’s an honor to be manager of the best national team in the world,” the 65-year-old said. “I don’t have any doubt about what is expected of me. The goal is to win the World Cup next year, to help Brazil get back to the top. I’m excited about the opportunity.”
Ancelotti was appointed earlier this month to replace Dorival Junior, who was dismissed after Brazil’s 4-1 World Cup qualifying defeat to Argentina in Buenos Aires.