Media
လေပြင်းတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ ပြည်လမ်းမထက်တွင် သစ်ကိုင်းများ ကျိုးကျခဲ့
ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်မှုများကြောင့် မေ ၂၈ ရက် ညနေပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ ပြည်လမ်းတွင် သစ်ကိုင်းများ လမ်းမပေါ်သို့ ကျိုးကျမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေ ၂၉ ရက် ညနေအထိ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)