Connect with us

Media

ASEAN All-Stars အသင်းက မန်ချက်စတာယူနိုက်တက်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိ

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဘူကစ်ဂျာလီ အမျိုးသားအားကစားကွင်း၌ ASEAN All-Stars အသင်းနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့ မေ ၂၈ ရက် ညပိုင်းက ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ASEAN All-Stars အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါ တစ်လုံးတည်းသော အနိုင်ဂိုးကို မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင်က သွင်းယူခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဖော်ပြချက်အရ သိရသည်။ (Xinhua)