Media
ဘာစီလိုနာ လူငယ်ကြယ်ပွင့် အသက် ၁၇ နှစ်အရွယ် ယမားလ် ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆို
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းက အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့်ကစားသမား လာမင်း ယမားလ်အား ၂၀၃၁ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး အဆိုပါ ကစားသမား၏ အနာဂတ်အတွက် ရေရှည်အာမခံချက်ပေးခဲ့သည်။
“ဘာစီလိုနာအသင်းနဲ့ လာမင်း ယမားလ်တို့ဟာ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တာကြောင့် ယမားလ်အနေနဲ့ ၂၀၃၁ ခုနှစ် ဇွန် ၃၀ ရက်အထိ အသင်းမှာရှိနေမှာပါ” ဟု ဘာစီလိုနာအသင်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ကစားသမားအနေနဲ့ ကလပ်အသင်းရုံးခန်းမှာ ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ယိုအန် လာပေါ်တာ၊ ဒုတိယဥက္ကဋ္ဌ-၁ ရာဖာ ရူစတေး၊ အားကစားဒါရိုက်တာ အန်ဒါဆန် လူးဝစ်စ် ဒီဆူဇာ ‘ဒေကို’ နဲ့ တခြားတာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာပဲ မေ ၂၇ ရက်က စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်” ဟုလည်း ဖော်ပြထားသည်။
ယမားလ်အနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ၌ အသက် ၁၅ နှစ် အရွယ်မှာပင် ဘာစီလိုနာအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ကာ လွန်ခဲ့သော နှစ်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ဘာစီလိုနာအသင်းကြီးအတွက် ၁၀၆ ပွဲ ပါဝင်ကစားပေးခဲ့ရာ ၂၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၄ ကြိမ် ပြုလုပ်ထားသလို အံ့ဩမှင်တက်ဖွယ် ဘောလုံးကျွမ်းကျင်မှုနှင့် ဘောလုံးအထိန်းအသိမ်း စွမ်းရည်များကိုလည်း ပြသနိုင်ခဲ့သည်။
ယမားလ်အနေဖြင့် မကြာမီက ပြီးဆုံးသွားသည့် ဘောလုံးရာသီ၌ ဘာစီလိုနာအသင်း လာလီဂါဆုဖလား၊ စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးခဲ့ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သလို စပိန်လက်ရွေးစင် အသင်းအတွက်လည်း ၁၉ ပွဲ ပါဝင်ကစားထားသည်။ (Xinhua)
……………………
(English Version)
Barcelona star Yamal signs new contract until 2031
FC Barcelona has assured the long-term future of star player Lamine Yamal, with the confirmation that the 17-year-old has signed a new contract until 2031.
“FC Barcelona and Lamine Yamal have reached an agreement for the renewal of his contract, which will now tie him to the club until June 30, 2031.”
“The player signed his new contract on Tuesday at the club’s offices in the presence of FC Barcelona president Joan Laporta, first vice president Rafa Yusta and the club’s sporting director Anderson Luis de Souza ‘Deco’ among others,” informed the Barcelona official website.
Yamal made his Barcelona debut aged just 15 in April 2023 and has become one of the best players in the world over the past two years, making 106 appearances for the first team, scoring 25 goals and giving 34 assists, as well as showing moments of dazzling skill and close control.
The teenager was vital as Barcelona won a La Liga and Copa del Rey double in the recently concluded season, as well as the Spanish Super Cup, and has already become a fixture for the Spanish national team with 19 appearances.