Connect with us

Media

အာဆင်နယ်အသင်းက စပိန်လက်ရွေးစင် ဇူဘီမန်ဒီအား ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ ဖြင့် ခေါ်ယူရန်နီးစပ်နေ

ပရီးမီးယားလိဂ် အသင်းကြီးတစ်သင်းဖြစ်သည့် အာဆင်နယ်က ရီးရဲလ် ဆိုစီဒက်အသင်းမှ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီအား ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ (အမေရိကန်ဒေါ်လာ ၆၈ သန်း) ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ဇူဘီမန်ဒီမှာ ဆေးစစ်မှုခံယူရန် လန်ဒန်သို့ ရောက်ရှိနေပြီဖြစ်ကာ လာမည့်နာရီပိုင်းအတွင်း အပြောင်းအရွှေ့အား အပြီးသတ်နိုင်ဖွယ်ရှိကြောင်း စပိန်မီဒီယာများကရော ဗြိတိန်မီဒီယာများကပါ ဖော်ပြလျက်ရှိသည်။
၂၀၂၄ ခုနှစ် နွေရာသီ၌ မစ်ကယ် မယ်ရီနို ဆိုစီဒက်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်အကြာတွင် ဆိုစီဒက်အသင်းမှ ဒုတိယမြောက် စပိန်ကွင်းလယ်ကစားသမားတစ်ဦး အာဆင်နယ်သို့ ပြောင်းရွှေ့မှု ဖြစ်လာမည်ဖြစ်သည်။
အာဆင်နယ်အနေဖြင့် ၎င်းအား အသင်း၏ တစ်ဦးတည်းသော holding midfielder စစ်စစ်ဖြစ်သည့် သောမတ်စ် ပါတေး၏နေရာတွင် အစားထိုးမှုအဖြစ် ရှုမြင်လျက်ရှိသည်။
အသက် ၂၆ နှစ်အရွယ် ဇူဘီမန်ဒီမှာ ရီးရဲလ်ဆိုစီဒက်၏ လူငယ်အသင်းမှ ထွန်းတောက်လာခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကုန်၌ ပထမအသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ကာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွင် ပထမအသင်း၌ အခိုင်အမာနေရာရလာခဲ့သည်။
၎င်းအနေဖြင့် ဆိုစီဒက် ပထမအသင်းတွင် ၂၃၂ ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်ခဲ့သလို စပိန်အသင်းအတွက်လည်း ၁၇ ပွဲ ပါဝင်ကစားထားကြောင်း သိရသည်။ (Xinhua)
…………………………
(English Version)
Arsenal on the verge of signing Real Sociedad’s Spain international Zubimendi

Arsenal is close to completing a deal to sign Spain international midfielder Martin Zubimendi for a fee of 60 million euros (68 million US dollars) from Real Sociedad.

Both the Spanish and UK media report Zubimendi is in London to have his medical check, with the deal expected to be completed in the coming hours.

He will be the second Spain international midfielder to join Arsenal from Real Sociedad in a year after Mikel Merino made the same move in the summer of 2024.

Arsenal views him as a replacement for Thomas Partey, who is currently the only true holding midfielder at the club.

26-year-old Zubimendi progressed through the Real Sociedad youth system, making his first team debut at the end of the 2017-18 season, becoming established in the first team in the 2020-21 campaign.

He has made 232 first team appearances, scoring 10 goals, while he has also played 17 times for Spain.